spot_img
16.2 C
Loikaw
Sunday 16, November 2025
spot_img
Homeသတင်းလွိုင်ကော် စစ်ကောင်စီ လက်အောက်ခံ တပ်သားနဲ့ ရဲသားတွေ ကို လက်နက်ချဖို့ KNDF ဒု-စစ်ဦးစစ်ချုပ် မာဝီ ဖိတ်ခေါ်

လွိုင်ကော် စစ်ကောင်စီ လက်အောက်ခံ တပ်သားနဲ့ ရဲသားတွေ ကို လက်နက်ချဖို့ KNDF ဒု-စစ်ဦးစစ်ချုပ် မာဝီ ဖိတ်ခေါ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့ က စစ်ကောင်စီလက်အောက်ခံတပ်သားနဲ့ ရဲသားတွေကို လက်နက်ချပြီး ပြည်သူဖက် ပူးပေါင်းပါဝင်ပေးဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစစ်ချုပ်မာဝီက ယမန်နေ့ ( နိုဝင်ဘာလ ၁၅ ရက်နေ့) က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသား ဖိတ်ခေါ်ထားပါတယ်။

“လွိုင်ကော်ထဲက စစ်ကောင်စီ၊ ရဲတပ်ဖွဲ့ဝင်တွေ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့လိုက်သော်လည်ကောင်း၊ ဌာနအလိုက်၊ တပ်ရင်းအလိုက် ပြည်သူဖက်ပူးပေါင်းရန် လက်နက်ချရန် လုပ်ပါ။ လုပ်လိုပါက ကျနော်တို့ကို ဆက်သွယ်ပါ။ မက်ဆင်ဂျာ သို့မဟုတ် 09795946616 စင်ကနယ်မှာ ဆက်သွယ်ပါ” လို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖိတ်ခေါ်ထားပါတယ်။

၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးတဲ့နောက် ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော်ကို သုတ်သင်နိုင်ခဲ့သလို စစ်သုံ့ပန်း ၃၈ ဦး နဲ့ လက်နက်ကြီး လက်နက်ငယ် ၁၂၈ လက်သိမ်းဆည်း ရမိကြောင်းကိုလည်း KNDF ထုတ်ပြန်ထားတာရှိပါတယ်။

စစ်ကောင်စီဖက်က တပ်ခွဲမှူး “ကောင်းမြတ်ကို “ ဦးစီးတဲ့ တပ်သား ၃၂ ဦးက နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော်လှန်ရေးတပ်ပေါင်းစုထံ လက်နက်ချ အညံ့ခံခဲ့တာလည်းရှိပါတယ်။ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF ရဲ့ စစ်ဖက်ဆိုင်ရာအက်ဥပဒေ နဲ့ သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ အပြည့်အဝပေးထားတယ်လို့ KNDF က ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ