spot_img
21.6 C
Loikaw
Wednesday 19, November 2025
spot_img
Homeသတင်းဖရူဆိုမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာပြတ်လပ်နေ၊ ရေရှည်စားဝတ်နေရေးအတွက် စစ်ရှောင်တွေ စိုးရိမ်

ဖရူဆိုမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာပြတ်လပ်နေ၊ ရေရှည်စားဝတ်နေရေးအတွက် စစ်ရှောင်တွေ စိုးရိမ်

-

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက အင်းတောစစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေတာကြောင့် စစ်ရှောင်တွေဟာ ရေရှည်စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီပေးသူထံကနေ သိရပါတယ်။

“ဆန်အနေနဲ့က ပြတ်သွားပြီပေါ့။ ကျတော်တို့ ရှေ့ဆက် အသက်ရှင်ဖို့ စားဝတ်နေရေး ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ရင်လေးစရာဖြစ်လာတယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်။” လို့ စစ်ရှောင်ကူညီပေးသူတစ်ဦးကဆိုပါတယ်။

စစ်ဘေးရှောင်စခန်းက ထားရှိတဲ့ အရေးပေါ် စားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက် စတဲ့ အခြေခံစားသောက်ကုန်တွေအားလုံး ပြတ်လပ်သွားပြီလို့ ဆိုပါတယ်။

အလှူရှင်လာရောက်နိုင်မှုမရှိတော့သလို၊ စစ်ရှောင်ကော်မတီတွေကလည်း ဆက်သွယ်ရေးလိုင်း အခက်အခဲတွေကြောင့် အလှူရှင်ရှာဖွေနိုင်မှု အားနည်းလာတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းမှာလည်း တနိုင်တပိုင်စိုက်ပျိုးလုပ်ကိုင်နေသူ ၂၅ ရာခိုင်နှုန်းခန့်သာရှိတာကြောင့် ရေရှည်မှာအခက်အခဲကြုံတွေ့လာနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ရေရှည် ဒီလိုပဲ စစ်ရှောင်ပြီး ဆက်နေမယ်ဆိုရင် တောင်ယာတွေ ချဲ့ထွင်ဖို့ ခက်ခဲတာရယ်၊ စစ်ရှောင်အတွင်းမှာ တောင်ယာတွေ ကြိုးစားလုပ်ပေမယ့် မဖူလုံကြဘူးပေါ့။ အများအားဖြင့်က အလှူရှင်ကပဲ တမ်းတနေကြတာ အခက်အခဲရှိနေကြတာပေါ့။” လို့ စစ်ရှောင်ကူညီပေးသူတစ်ဦးက ဆက်ပြောပါတယ်။

အဆိုပါစစ်ဘေးရှောင်စခန်းမှာ အရေးပေါ် စားနပ်ရိက္ခာကို ပြီးခဲ့တဲ့ စက်တင်ဘာလက နောက်ဆုံးအကြိမ်ပေးဝေနိုင်ခဲ့တာဖြစ်ပါတယ်။ အင်တောစစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၁၈၅ အိမ်ရှိပြီး၊ လူဦးရေ ၈၀၀ ကျော် ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ