spot_img
19.1 C
Loikaw
Tuesday 18, November 2025
spot_img
Homeသတင်းဒီးကူပညာရေးစင်တာ ရဲ့ Pre-GED Program အပတ်စဉ် (၂) ကျောင်းဆင်းပွဲ အခမ်းအနား ပြုလုပ်

ဒီးကူပညာရေးစင်တာ ရဲ့ Pre-GED Program အပတ်စဉ် (၂) ကျောင်းဆင်းပွဲ အခမ်းအနား ပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံနယ်စပ်တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ဆယ်သဲဖောင်ဒေးရှင်း (STF) လက်အောက်ရှိ ဒီးကူပညာရေးစင်တာ (DeeKu Education Center) ရဲ့ Pre – GED Program အပတ်စဉ် (၂) ကျောင်းဆင်းပွဲအခမ်းအနားကို ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ကရင်နီဒုက္ခသည်စခန်းက လူငယ်တွေ နဲ့ စစ်ဘေးရှောင်လူငယ်တွေရဲ့ အဆင့်မြင့်ပညာရေးကို လျှောက်လှမ်းနိုင်ဖို့အတွက် ဒီးကူပညာရေးစင်တာကို ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ကျောင်းအုပ် ဆရာမ ဌေးမိုက ပြောပါတယ်။

“အထူးသဖြင့် အခု ခေတ်ပေါ့နော် စခန်းကလေးတွေပဲဖြစ်ဖြစ်ပေါ့ ပြည်တွင်းထဲက ကလေးတွေဖြစ်ဖြစ် ပြီးတော့ စစ်ရှောင်စခန်းနေတာပဲဖြစ်ဖြစ်ပေါ့နော် သူတို့ ပညာရေး အမြင့်တစ်ဆင့်မှာ ရှိဖို့ အဆင့်မြင့် ပညာရေးဆိုရင် သူတို့တွေ အရမ်းခက်ခဲတယ်။ သူတို့ ပြည်ပတွေ ထွက်သွားဖို့ ခက်ခဲတယ် အဲ့ကြောင့်မို့လို ကျမတို့ DEC ဖွင့်လာတယ်ပေါ့နော်။ ပြီးတော့ သူတို့ကို စာသင်ပေးတယ် ပြီးတော့ အဆင့်မြင့် ပညာရေး အသိပေးတယ်။ ကျမတို့ GED ဖြေတယ် GED Certificate ကိုရတော့ အခြား University လျှောက်လို့ရတာပေါ့နော် “ လို့ ဆရာမ ဌေးမိုက ပြောပါတယ်။

Pre-GED Program အပတ်စဉ် (၂) ကို ကျောင်းသူ၊ကျောင်းသား ၂၉ဦးတက်ရောက်ခဲ့ပြီး ဆရာ၊ ဆရာမ ၃ဦးနဲ့ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေကနေ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ GED ဘာသာရပ်တွေဖြစ်တဲ့ အင်္ဂလိပ်၊ သင်္ချာ၊ Social Studies ၊ Science အပါအဝင် တခြားသော ဘာသာရပ်တွေလည်း သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာတော့ ကျောင်းသား၊ကျောင်းသူတွေကို လက်မှတ်ပေးအပ်ခြင်း၊ သီချင်းသီဆိုခြင်း၊ ရိုးရာအကတွေနဲ့ ဖျော်ဖြေတင်ဆက်ခြင်းတွေ ပြုလုပ်သွားခဲ့ပါတယ်။ လာမယ့် စာသင်နှစ်တွေမှာ ဒီကူးပညာရေးစင်တာကနေ အဆင့်မြင့်ပညာရေး တိုးချဲ့သွားဖို့ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ