spot_img
15.2 C
Loikaw
Wednesday 14, January 2026
spot_img
Homeသတင်းဆင်စခန်း စစ်ဘေးရှောင်စခန်းက စာသင်ကျောင်းမှာ သင်ထောက်ကူ ပစ္စည်း လိုအပ်နေ

ဆင်စခန်း စစ်ဘေးရှောင်စခန်းက စာသင်ကျောင်းမှာ သင်ထောက်ကူ ပစ္စည်း လိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ခြမ်းက ဆင်စခန်းအုပ်စု စစ်ဘေးရှောင်စခန်းရဲ့ မူလန်းတန်းကျောင်း မှာ သင်ထောက်ကူပစ္စည်း တွေလိုအပ်နေတယ်လို့ သိရပါတယ်။


အဆိုပါကျောင်းစတင်ဖွင့်လှစ်ချိန်ကစပြီး လိုအပ်တဲ့ ပစ္စည်းတွေကို ကိုယ်ထူကိုယ်ထ ရှာဖွေခဲ့ရတာဖြစ်တယ်လို့ ကျောင်းအုပ်ဆရာမက ပြောပါတယ်။

“စာရေးကရိယာတွေထဲမှာ အခက်ခဲတာကတော့ ဒီကျောင်းသင်ပုန်း၊ စာအုပ်တို့ပေါ့နော် ထပ်မံလိုအပ်တယ်ပေါ့နော်။” ကျောင်းအုပ်ဆရာမက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခခန်းရဲ့ မူလန်းတန်းကျောင်း မှာ အတန်း ၆ တန်းအထိ ရှိနေပြီး ဘာသာရပ် ၇ ခုကို သင်ကြားပေးနေတာပါ။ ကျောင်းနေကလေး လူဦးရေများနေပြီး အိမ်သာရေပုံးတွေနဲ့ ရေခွက်တွေ မလုံလောက်တာတွေ ရှိတယ်လို သိရပါတယ်။

စာသင်ကျောင်းကို ဖွင့်လှစ်ထားကြပေမဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်နဲ့ လေကြောင်းရန်တွေကို ကြောက်ရွံ့နေရတယ်လို့ မိဘတစ်ဦးကပြောပါတယ်။

“ကျမကလေးတွေ ကျောင်းနဲ့ အနေဝေးတော့ သူတို့ သွားလာရတာ ခက်ခဲတယ်။ လက်နက်ကြီးအသံတွေ လေယာဉ်အသံတွေ ကြားရတာတွေ ပိုပြီးစိတ်ပူရတယ်ပေါ့နော်။ သူတို့ဆီများ ပစ်လာတာလားဆိုပြီး စိုးရိမ်တာပေါ့နော်။” လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

လက်ရှိစာသင်ကျောင်းမှာ ကျောင်းသူ/သားလူဦးရေ ၉၆ ဦးရှိနေပြီး ဆရာ/မ ၃ ဦးနဲ့ သင်ကြားနေရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ