spot_img
31.5 C
Loikaw
Saturday 14, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းPNO/PNA က ၈လအတွင်း ကရင်နီ အရပ်သားပြည်သူ ၂၇ ဦး ဖမ်းဆီးခဲ့ပြီး ၅ဦးသတ်ဖြတ်ခဲ့တယ်လို့ BWCI ပြော

PNO/PNA က ၈လအတွင်း ကရင်နီ အရပ်သားပြည်သူ ၂၇ ဦး ဖမ်းဆီးခဲ့ပြီး ၅ဦးသတ်ဖြတ်ခဲ့တယ်လို့ BWCI ပြော

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA)တွေဟာ ၂၀၂၄ ခုနှစ်ရဲ့ ပထမ ၈ လအတွင်း ကရင်နီပြည်က အရပ်သားပြည်သူ ၂၇ ဦး ဖမ်းဆီးခဲ့ပြီး ၅ဦးသတ်ဖြတ်ခဲ့တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ Burma War Crime investigative ( BWCI) ကပြုလုပ်သွားတဲ့ “They only want lives” (မင်းတို့အသက်ပဲလိုချင်တယ်) ဆိုတဲ့ အစီရင်ခံစာထုတ်ပြန်ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

ရှမ်းပြည်နယ်အတွင်းက စစ်ကောင်စီ အုပ်ချုပ်နယ်မြေတွေကို ဖြတ်သန်းသွားလာတဲ့ ကရင်နီ အရပ်သား လူထုတွေ ကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြေပြင် စစ်ရေးအခြေအနေအရ ဖမ်းဆီးမှု ပိုလုပ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူ ၂၇ ဦးမှာ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၄ ဦးဖြစ်ကာ အသက်မပြည့်သေးတဲ့ အမျိုးသား ၃ဦး ပါဝင်တယ်လို့ ဆိုထားပါတယ်။

လက်ရှိ BWCI ရဲ့ မြေပြင် စုံစမ်းမှုအရ ဖမ်းဆီးခံရသူ ၂၇ ဦးအနက် သတ်ဖြတ်ခံရသူ ၅ဦး၊ ပြန်လည်လွတ်မြောက်လာသူ ၈ ဦး နဲ့ ပျောက်ဆုံသွားသူ ၁၄ဦး ရှိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲက သတ်ဖြတ်ခံရသူ ၅ဦးဟာ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၁ဦးဖြစ်ပါတယ်။

BWCI အနေနဲ့မြေပြင်ကွင်းဆင်းစုံစမ်းမှုနဲ့ အွန်လိုင်း အင်တာဗျူးတွေ ပြုလုပ်ခဲ့ပြီး မျက်မြင်သက်သေနဲ့ လွတ်မြောက်လာသူတွေ မိသားစုဝင်တွေကို မြေးမြန်းခဲ့ရာ

“ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသူတွေရှိသလို ကြယ်တွင်းထဲ ပစ်ချခံရသူတွေထဲမှာမှ အချို့က အပေါ်ကို ပြန်တက်လာပြီး အိမ်ပြန်ခဲ့ပေမဲ့ အိမ်ပြန်လမ်းမှာ ပျောက်ဆုံးသွားသူတွေလည်းရှိတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ဖြတ်သန်းသွားလာတဲ့ ၂/ မှတ်ပုံတင် ကိုင်ဆောင်ထားသူ အရပ်သားနဲ့ ကယန်း၊ ကယား စတဲ့ အရပ်သားတွေကို ဖမ်းဆီးမှုလုပ်ကာ သတ်ဖြတ်တာ၊ ကြယ်တွင်းထဲ ပစ်ချတာ တွေလည်းလုပ်ခဲ့တယ်လို့ BWCI ကထုတ်ပြန်ထားတာရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ