spot_img
21.8 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလှိုဏ်ဂူစစ်ရှောင်စခန်းမှာ နေအိမ်တစ်လုံးမီးလောင် ၊ မိသားစုဝင်တွေ အကူအညီလိုအပ်နေ

လှိုဏ်ဂူစစ်ရှောင်စခန်းမှာ နေအိမ်တစ်လုံးမီးလောင် ၊ မိသားစုဝင်တွေ အကူအညီလိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ အနောက်ဖက်ခြမ်းမှာရှိတဲ့ လှိုဏ်ဂူစစ်ရှောင်စခန်းမှာ စစ်ရှောင်နေအိမ်တစ်လုံးမီးလောင် ပျက်စီးခဲ့ပြီး နေအိမ်မီးလောင်ခဲ့တဲ့ မိသားစုဝင်တွေ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတစ်ဦးဆီကနေ သိရပါတယ်။

ထမင်းဟင်းချက်ပြီး မီးအကြွင်းကျန်ကတဆင့် မိုးကာကို စလောင်ခဲ့တာ ဖြစ်တယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်ပေးနေတဲ့ ထွန်းမြန်မာဒိုနေရှင်းအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုဖိုးဇော်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“မနက်ပိုင်းမှာ ထမင်းဟင်းချက်ပြီး အပြင်ကို သွားကြတယ်လေ။ ထမင်းချက်ပြီး အပြင်သွားကြတော့ လေပွေက အဲ့အိမ်နားမှာပဲ လေပွေက ပတ်တိုက်နေပြီးတော့ မီးစတစ်စ ကျန်တာကို လေပွေက သယ်ပြီးတော့ မိုးကာမှတဆင့် စပြီးလောင်တာပေါ့နော်။” လို့ကိုဖိုးဇော် က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ညနေ ၂နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာတော့ မီးလောင်ပျက်စီးခဲ့တဲ့ မိသားစုဝင်တွေရဲ့ နေထိုင်စားသောက်ဖို့အပြင် ဝတ်စားဆင်ယင်မှုတွေအတွက်ပါ အကူအညီတွေ လိုအပ်နေကြတာပါ။

အဆိုပါ မိသားစုမှာ မိသားစုဝင် ၆ ဦး ရှိပြီး နေအိမ်မီးလောင်နေစဥ် နေအိမ်မှာ ကလေးငယ် တစ်ဦးသာ ကျန်ခဲ့ပေမယ့် ထိခိုက်သွားတာတော့ မရှိဘူးလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ