spot_img
Homeသတင်းလွိုင်ကော်၊ ဘီလူးချောင်းမှာ အမည်မသိ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

လွိုင်ကော်၊ ဘီလူးချောင်းမှာ အမည်မသိ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ဓါတ်ပုံ – Ko Kyaw Gyi

ကရင်နီပြည် လွိုင်ကော်မြို့က ဘီလူး‌ချောင်းအတွင်းမှာ အမည်မသိ အမျိုးသားတစ်ဦးကို ယမန်နေ့ မေလ ၇ ရက်နေ့မှာ ရေနစ်သေဆုံးနေတဲ့အနေအထားကိုတွေ့ခဲ့တယ်လို့ ရွှေညောင်ပင် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ရေနစ်သေဆုံးသူ အမည်မသိ အမျိုးသား တစ်ဦးကို အသင်းကနေ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဘီးလူးချောင်းမှာတော့ ပြီးခဲ့တဲ့ နှစ်အတွင်းက ရေကြီးမှု နောက်ပိုင်း သေဆုံးပြီးသား အလောင်းတွေ့ရှိမှု မကြာခဏ ရှိခဲ့တာပါ။

“ဘီးလူးချောင်းမှာက ခနခန အဲ့လို ရေနစ်ဖူးကြတယ်။ အထူးသဖြင့် အရင်နှစ်ထဲက မိုးရာသီ ရေကြီချိန်တွေကော။ အဲ့မှာက ပုံမှန်လူ ဥပမာ တအားငယ်ရွယ်တာတို့ မမူးထားတာတို့ဆို အဲ့လောက်ရေနစ်သေဆုံးတဲ့အဆင့် မဖြစ်လောက်ဘူးထင်တာပဲလေ။ တစုံတခုများ လုပ်ခံရလားလည်း အဲ့လိုရှိနိုင်လားတော့ မသိဘူးပေါ့။”လို့ မြို့ခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာလည်း ဘီလူးချောင်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းမှာ တဝက်သာ ကျန် ရှိတဲ့ အမည်မသိ အမျိုးသားတစ်ဦးရဲ့ အလောင်းကိုတွေ့ရှိပြီး မြေမြှုပ်သဂြိုလ်ပေးခဲ့တာရှိတယ်လို့ ရွှေညောင်ပင် လူမှုကူညီရေးအသင်းက လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ