spot_img
Homeသတင်းဟိုယာမြို့နယ်အတွင်းက စစ်ရှောင်မိသားစု ၅၀ စု စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

ဟိုယာမြို့နယ်အတွင်းက စစ်ရှောင်မိသားစု ၅၀ စု စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဟိုယာမြို့နယ်အတွင်းမှာ ရှိတဲ့ စစ်ရှောင်များထဲက မိသားစု ၅၀ စု ဟာ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ဟိုယာမြို့နယ်အတွင်းက စစ်ဘေးရှာင်တွေအတွက် အလှူရှင်မရောက်ရှိတာ ၂ နှစ်ဝန်းကျင် ရှိနေပြီဖြစ်လို့ စားနပ်ရိက္ခာ အခက်အခဲဖြစ်လာကြတယ်လို့ စစ်ရှောင်ကော်မတီဝင် တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

‘‘စားနပ်ရိက္ခာလို့ပြောရင် အခုအလှူရှင်မရှိဘူး‌။ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီးတော့ သီးသန့်လာတယ်ဆိုတဲ့ အလှူရှင်မရှိဘူး။ လောလောဆယ်က ပွင့်လင်းရာသီမျိုးဖြစ်နေတဲ့အတွက် လက်လုပ်လက်စားတွေ ကျပန်းအလုပ်တွေလုပ်ပြီးတော့မှပဲ မိသားစုစားဝတ်နေရေးကို ဖြေရှင်းတာတွေရှိတယ်။ အများစုကတော့ ချေးငှားပြီးတော့ လုပ်စားနေတဲ့ဟာမျိုးတွေရှိတယ်။’’ လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ကော်မတီက အရေးပေါ်အတွက် စုဆောင်းထားတဲ့ ဆန်တွေကို အရေးတကြီး ဖြစ်လာတဲ့ မိသားစုတွေကိုတော့ ဦးစားပေးပြီး တစ်လတစ်ကြိမ် ထုတ်ပေးတယ်လို့ ဆိုပါတယ်။

‘’လက်လုပ်လက်စားလည်း ၁၀၀ ရာခိုင်နှုန်းမှာ ၂၀ လောက်ပဲရှိတာလေ။ အဲ့တာနဲ့ သူတို့ဘာအလုပ်မှ မရှိတော့ဘူး။ မိုးတွင်းဆိုရင် ဘာအလုပ်မှ မရှိတော့ဘူးလေ။ အဲ့လိုမျိုးဖြစ်နေတယ်။ အဲ့မျိုးအခြေအနေမှာဆိုရင် လုံးဝအခက်အခဲဖြစ်သွားနိုင်တယ်။ အဲ့ဒီအခြေအနေမျိုးဆို ရပ်တည်နိုင်ဖို့က ခက်ခဲတယ်ပေါ့။ ‘’လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးကပြောပါတယ်။

အမျိုးသမီးအိမ်ထောင်ဦးစီးဖြစ်တဲ့ မိသားစုတွေနဲ့ ဝင်ငွေအခွင့်အလမ်း လုံးဝမရှိတဲ့ မိသားစုတွေက အိမ်ထောင်စု ၅၀ ရှိပြီး အဆိုပါ မိသားစုတွေအတွက် ပိုမိုအခက်အခဲဖြစ်နေတာလို့ ဆိုပါတယ်။ ဟိုယာမြို့နယ်တွင်းမှာ စစ်ရှောင်အိမ်ခြေမှာ ၄၈၀ ဝန်းကျင် ရှိနေပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ