Homeသတင်းဖရူဆိုအနောက်ခြမ်းမှာ ၁၅ နှစ်အောက်ကလေးတွေ ပါးချိတ်ရောင်ရမ်းမှုဖြစ်

ဖရူဆိုအနောက်ခြမ်းမှာ ၁၅ နှစ်အောက်ကလေးတွေ ပါးချိတ်ရောင်ရမ်းမှုဖြစ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ထေခို ကျေးရွာမှာ ၁၅ နှစ်အောက်ကလေးငယ်တွေ ပါးချိတ်ရောင်ရောဂါ အဖြစ်များနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

မေလ ဒုတိယပတ်က စပြီး ဖြစ်ပွားနေတဲ့ ပါးချိတ်ရောင် ရောဂါဟာ ယနေ့အထိ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ထေခိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူ့ပါးကရောင်တယ်။ ပြီးဒီလည်ပင်း နှစ်ဖက်စလုံးလေး။ အက်တာကို သူ့ရဲ့အကျိတ်ကအထဲက နာလို့ရောင်လာတော့ အရမ်းသိသာတယ်။”လို့ သူကပြောပါတယ်။

ပါးချိတ်ရောင်ရောဂါကို ကျေးရွာတွေထဲက ကလေးတိုင်းနီးပါး ကြုံတွေ့နေကြပြီး တချို့လူနာတွေကတော့ ဆေးခန်းပြနေကြပေမဲ့ ဆီစျေးကြီးတာကြောင့် ဆေးခန်ကို မသွားနိုင်တဲ့သူတွေလည်းရှိနေတယ်လို့ ထေခို ကျေးရွာ ဒေသခံအမျိုးသမီးက ဆိုပါတယ်။

ဟိုယာကျေးရွာမှာတော့ ယခင်လတွေတုန်းက ပါးချိတ်ရောင်ယမ်းမှုတွေ ဖြစ်ပွားကြပေမဲ့ လက်ရှိမှာတော့ သက်သာလာကြပြီလို့ ဟိုယာမှာနေတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။

“ကလေးဖြစ်တာကတော့ အရင် ၁လ၊ ၂ လကတော်တော်ဖြစ်တယ်။ လူကြီး လည်းတစ်ယောက်နှစ်ယောက် ကူးတယ်ပေါ့နော။ ဒါပေမဲ့ အခုကတော့ နည်းနည်းငြိမ်သွားပြီ။ ဖြစ်တာတော့သိပ်မကြားတော့ဘူး”လို့ ဟိုယာမှာ စစ်ရှောင်နေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖရူဆိုအနောက်ခြမ်း အပြင် ဒီမော့ဆိုဘက်က စစ်ရှောင်စခန်းတချို့မှာလည်း ပါးချိတ်ရောင်ယမ်းမှုတွေဖြစ်ပွားခဲ့ပြီး လက်ရှိမှာ တော့ တချို့စစ်ရှောင်စခန်းတွေမှာ အသစ်ဖြစ်ပွားနေတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ