spot_img
Homeသတင်းဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတနေရာမှာ လသားအရွယ်ကလေးအပါဝင် ကျောင်းနေကလေးတွေ အရေပြားယားယံမှု ဖြစ်ပွား

ဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတနေရာမှာ လသားအရွယ်ကလေးအပါဝင် ကျောင်းနေကလေးတွေ အရေပြားယားယံမှု ဖြစ်ပွား

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ မယ်စုံ (တောင်) စစ်ဘေးရှောင်စခန်းတနေရာမှာ လသားအရွယ်ကလေးအပါဝင် ကျောင်းနေအရွယ်ကလေးတွေဟာ အရေပြားယားယံမှုဖြစ်ပွားနေကြတယ်လို့ စစ်ရှောင်ကော်မတီထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတည်းက အရေပြားယားယံမှုကို စစ်ဘေးရှောင်စခန်းနေ လူထုတချို့ ဖြစ်ပွားကြပြီး သက်သာပျောက်ကင်းမှုမရှိဘဲ ပြန်ဖြစ်ပွားကြတယ်လို့ ပြောပါတယ်။

“တကိုယ်ရည် အားနည်းတဲ့ အတန်းတွေတော့ ပိုဖြစ်တာပေါ့၊ ဒီမှာတော့ တော်တော်ကြာပြီ။ အရင်တစ်နှစ်ဆို တအား ဆိုးဆိုးရွားရွားဖြစ်နေတယ် နှစ်ချီပြီပေါ့။ လသားအရွယ်လည်း ဖြစ်နေတော့ မိခင်အတွက် အရမ်းခက်ခဲကြတယ်” လို့ စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။

အရေပြားယားယံမှုဖြစ်ပွားသူတွေထဲ သက်သာပျောက်ကင်းသူရှိပေမယ့် ယားယံမှုဖြစ်ပွားနေဆဲသူတွေအတွက် ဆေးဝါးလိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ ဆေးပေးခန်းမရှိတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဖွဲ့တွေက တလတကြိမ် ကွင်းဆင်းပြီး ကျန်းမာရေးဝန်ဆောင်မှုပေးတယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ ဖျားနာတာ ၊ အရေပြားယားယံတာကို ဆေးကုသနိုင်ဖို့ တခြားနီးစပ်ရာ ကျေးရွာတွေမှာ သွားရောက်ပြသရပြီး မိုးရာသီကာလဖြစ်တာကြောင့်လည်း သွားလာရေးမှာ ခက်ခဲမှုရှိတယ်လို့ ဆိုပါတယ်။

မယ်စုံ(တောင်) စစ်ရှောင်စခန်းအပြင် တခြားစစ်ရှောင်စခန်းတွေမှာလည်း အရေပြားယားယံမှုတွေဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ဘေးရှောင်တွေဟာ မိုးဗြဲ ၊ ဖယ်ခုံမြို့နယ်ကနေ လာရောက်တိမ်းရှောင်ကြတာဖြစ်ပြီး စစ်ဘေးရှောင် နဲ့ ဒေသခံတွေအပါဝင် အိမ်ခြေ ၇၀ ကျော်ရှိပြီး လူဦးရေ ၁၆၀ ကျော်ရှိပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ