spot_img
Homeသတင်းမြန်မာ့အရေးဖြေရှင်းရာမှာ အားလုံးပါဝင်ရေးကို အခြေခံရမယ်လို့ SCEF က အာဆီယံကို အိတ်ဖွင့်စာပေးပို့

မြန်မာ့အရေးဖြေရှင်းရာမှာ အားလုံးပါဝင်ရေးကို အခြေခံရမယ်လို့ SCEF က အာဆီယံကို အိတ်ဖွင့်စာပေးပို့

-

ကန္တာရဝတီတိုင်း (မ် )

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ မည်သည့်သံတမန်ရေးရာ ကြိုးပမ်းမှုမဆို မူဝါဒအပေါ် အခြေခံတဲ့ ထိတွေ့ဆက်ဆံမှု၊ အားလုံးပါဝင်ရေးနဲ့ ခိုင်မာတဲ့ ရလဒ်တွေအပေါ်မှာ အခြေခံရမှာဖြစ်တယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က ဒီကနေ့ ဇူလိုင် ၂၁ ရက်မှာ အာဆီယံကို အိတ်ဖွင့်စာပေးပို့ထားပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့မှာ စတင်ကျင်းပနေတဲ့ (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအတွက် အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ထံ လိပ်မူပြီး အိတ်ဖွင့်ပေးစာကို ပေးပို့တာပါ။

ရေရှည်တည်တံ့တဲ့ နိုင်ငံရေးဖြေရှင်းရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ERO တွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ လူနည်းစုအသိုင်းအဝိုင်းတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ အခြားအဓိက ပါဝင်ပတ်သက်သူတွေအပါအဝင် သက်ဆိုင်သူအားလုံးတို့ရဲ့ အဓိပ္ပာယ်ရှိတဲ့ ပါဝင်မှု လိုအပ်တယ်လို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ထိတွေ့ချဥ်းကပ်မှုမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုနဲ့ အကူအညီလိုအပ်တဲ့သူတွေဆီမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီ အတားအဆီးမရှိ ထိရောက်စွာပေးနိုင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေကို ချွတ်ယွင်းချက်မရှိ လွှတ်ပေးတာတွေ စသဖြင့် တိုင်းတာနိုင်တဲ့ ရလဒ်တွေနဲ့ အကဲဖြတ်သင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေပိုင်ဆိုင်ပြီး ပါဝင်ပတ်သက်မှုရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်ထွန်းတိုးတက်မှုအတွက် သင့်လျော်တဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်း ယန္တရားတို့နဲ့ ပံ့ပိုးပေးခြင်းနဲ့လည်း အကဲဖြတ်သင့်တယ်လို့ ဆိုပါတယ်။

ဒေသတွင်း နဲ့ နိုင်ငံတကာစောင့်ကြည့် အကဲဖြတ်ခြင်း ယန္တရားနဲ့စပ်လျဥ်းပြီး SCEF က ဒေသတွင်း၊ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ တည်ဆောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ဖို့ အသင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။

အာဆီယံဖက်ကတော့ အာဆီယံဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်မပေါ်လာသရွေ့ စစ်ခေါင်းဆောင်က အာဆီယံစင်မြင့်ပေါ်မှာ ဝင်ထိုင်ခွင့်ရှိမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ