spot_img
17.8 C
Loikaw
Saturday 13, December 2025
spot_img
Homeသတင်းပြည်နယ်အစိုးရမှ “မဖြစ်မနေ Mask တပ်ဆင်ရေး” ဆောင်ရွက်သွားမည်

ပြည်နယ်အစိုးရမှ “မဖြစ်မနေ Mask တပ်ဆင်ရေး” ဆောင်ရွက်သွားမည်

-

ကန္တရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ “ မဖြစ်မနေ Mask တပ်ဆင်ရေး” ကို ဆောင်ရွက်သွားမှာဖြစ်ပြီး လိုက်နာမှုမရှိဘူးဆိုရင် ကူးစက်ရောဂါများကာကွယ်နိုမ်နင်းရးဥပဒေဖြင့် အရေးယူသွားမယ်လို့ မေလ ၁၃ ရက်နေ့ ညပိုင်းမှာ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ အွန်လိုင်းစာမျက်နှာမှာ အသိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ အပြင်ထွက်သွားလာတဲ့အချိန်နနမှာ Mask တပ်ဆင်ရမှာဖြစ်ပြီး တပ်ဆင်ထားမှုမရှိဘူးဆိုရင် Mask (၂)ခုကို ငွေတစ်ထောင်ကျပ်ဖြင့် ဝယ်ယူရမှာဖြစ်ပါတယ်။

မေလ ၁၄ရက်နဲ့ ၁၅ရက်နေ့အထိ Mask တပ်ဆင်အသုံးပြုစေရေးအတွက် အသိပေးပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ပြီး မေလ၁၆ရက်နေ့မှစပြီး သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် စားသောက်ဆိုင်နဲ့ ဈေးဆိုင်ကို လာရောက်ဈေးဝယ်သူတွေအနေနဲ့လည်း Mask တပ်ဆင်ပြီး ဈေးဝယ်ကြဖို့ မေတ္တာရပ်ခံပြောကြားရန် နဲ့ Mask အလွယ်တကူ ဝယ်ယူနိုင်ရေးအတွက် ဆိုင်တွေမှာ Mask ရောင်းကြဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အများပြည်သူနဲ့ ဆက်စပ်၍ လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ စက်ရုံအလုပ်ရုံ တည်ဆောက်ရေးလုပ်ငန်း ဘဏ် အနေနဲ့လည်း ဝန်ထမ်းတွေ အလုပ်သမားတွေ လာရောက်ဆောင်ရွက်သူတွေကို “ မဖြစ်မနေ Mask တပ်ဆင်ရေး” ကို အသိပေးဆောင်ရွက်ဖို့ ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ