စိုးထိုက်အောင် ဖရူဆိုမြို့နယ်ရဲ့အနောက်ဘက်ခြမ်း ဒေသတော်တော်များများမှာ ဘိုးဘွားအစဉ်အလာကတည်းက ကယောလူမျိုးစုတွေအဓိကနေထိုင်ကြတာဖြစ်ပြီးတော့ အများစုက ရွေ့ပြောင်းတောင်ယာကို လုပ်ကိုင်စားသောက်နေကြပြီးတော့ တစ်ဖက်တစ်လမ်း ဝင်ငွေရအောင် ကယောရိုးရာဝတ်စုံအထည်တွေကို ယှက်လုပ်ကြပါတယ်။ ဖရူဆိုမြို့ပေါ်ကနေ ဟိုယာလမ်းခွဲဘက် သွားမယ်ဆိုရင် ဟိုယာဒေသကို မရောက်ခင် ထေခိုကျေးရွာမှာဆိုရင် အိမ်ခြေ ၉၁အိမ်ကျော်ရှိပြီး ကယောရိုးရာဝတ်စုံယက်ယန်းကို အိမ်ခြေ ၄၆အိမ်ကျော်လောက်က ယက်လုပ်နေကြတာဖြစ်ပါတယ်။ ထေခိုကျေးရွာမှာရှိတဲ့ ကယောရိုးရာဝတ်စုံယက်လုပ်တဲ့ လူတွေဟာ ဘိုးဘွားခေတ်ကတည်းက ကိုယ်ပိုင်တစ်နိုင်တစ်ပိုင် ဝါဂွမ်းတွေကို စိုက်ပျိုးပြီး အိမ်တွင်းဝတ်ဖို့အတွက်ယက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ယနေ့ခေတ်မှာကတော့ ကိုယ်ပိုင်ဝါဂွမ်းတွေကို စိုက်ပျိုးပြီးယက်လုပ်တဲ့လူတွေကမရှိသလောက်ရှားနေပါပြီ အများစုက ထိုင်းချည်၊ တရုတ်ချည်နဲ့ ဗမာ ချည်တွေနဲ့ကယောရိုးရာအထည်ကို ယက်လုပ်နေကြတာဖြစ်ပါတယ်။ ယခင်က အခြားအရာင် (ပြာ၊ စိမ်း၊ အနက်) များဖြင့် ယက်လုပ်ဝတ်ဆင်ခဲ့ပေမဲ့ ခေတ်ရေစီးကြောင်းအလိုက် ချည်ရှားပါးမှုကို […]

နော်ဒွေးအယ်ခူ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသတွေမှာဆိုရင် ကယော၊ မိုနူမနော (ကော်ယော်) လူမျိုးစု အများစုနေထိုင်ကြပါတယ်။ တောင်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်စားသောက်ကြပါတယ်။ လက်ရှိမှာတော့ လမ်းပန်းဆက်သွယ်ရေး ယခင်ကထက်တော့ ကောင်းမွန်လာတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ သို့သော်လည်း မြို့နဲ့အလှမ်းဝေးလွန်းတဲ့ ကျေးလက်ရွာတွေမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးမကောင်းသေးပါဘူး။ ဒါ့ကြောင့် ကျေးရွာတာဝန်ရှိသူတွေက သက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ အများဆုံးတောင်းဆိုကြတယ်လို့ သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ ဌာနဆိုင်ရာ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကျေးရွာအထိ ကွင်းဆင်းကြည့်ရှုနိုင်မှာဖြစ်ပြီး လိုအပ်ချက်တွေကို ပိုမို တင်ပြနိုင်မယ်လို့ ဒေသခံအများစုက ပြောဆိုကြပါတယ်။ အဲလို လမ်းပန်းဆက်သွယ်ရေးမကောင်း၊ ဆက်သွယ်ရေးခက်ခဲတာကြောင့် ကျေးရွာဒေသခံအများစုမှာ တခြားနေရာကို ရွေ့ပြောင်းသွားကြတဲ့သူတွေရှိတယ်လို့ သိရပါတယ်။ “ကျတော်တို့လူမရှိတဲ့ခါကျတော့ ဖွံ့ဖြိုးရေးမရှိတော့ မတိုးတက်တော့ဘူးပေါ့ ဒီအတိုင်းပဲနောက်ကျတယ် အခြားရွာကလည်း မီးအကုန်လုံးရပြီဆက်သွယ်ရေးအကုန်လုံး […]

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့ရဲ့ အနောက်ဘက်ခြမ်းဒေသဘက်တွေမှာဆို ကယော၊ ကယား၊ ကော်ယော် မျိုးနွယ်စုတွေ အများဆုံးနေထိုင်ကြပါတယ်။ အဲဒီဒေသဘက်ကိုသွားဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ပါတယ်။ ပြည်တွင်းစစ်တွေအရင်က မကြာခဏကြုံတွေ့ခဲ့ရတဲ့ ဒဏ်တွေကြောင့်လည်း ယခုချိန်ထိ ဖွံ့ဖြိုးမှု အစစအရာရာနောက်ကျကျန်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပါယ်ဝေါဟာရနဲ့ ပတ်သက်လို့ အသက် ၇၀ နီးပါးရှိနေပြီဖြစ်တဲ့ ကယောအမျိုးသမီး ထေခိုကျေးရွာမှ ဒေါ်ထရိုးအူ ကတော့ အခုလို ဖွင့်ဆိုလိုက်ပါတယ်။ “ငြိမ်းချမ်းရေးဆိုတာ ထိုင်းကပြန်လာတဲ့ တဖွဲ့ရှိတယ်။ ဒီမှာတွေလည်းရှိတယ်။ နေရာတကာမှာလည်းရှိနေမှာပဲ ထင်တယ်။” ၁၉၉၅/၉၆ ခုနှစ် မြန်မာအစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီးနောက်မှာ အစိုးရစစ်တပ်နဲ့အပြင် ငြိမ်းချမ်းရေးယူထားတဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ အဲဒီဒေသဘက်မှာ ဖြစ်ပွားခဲ့တာတွေ […]