ပြည်နယ်အစိုးရမှ နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ တရားစွဲဆိုထားတဲ့ ကရင်နီလူငယ် ၆ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပြင်ဆင်ချက် ထပ်တက်မယ်လို့ ကရင်နီလူငယ်တွေဆီကို စာရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကယား(ကရင်နီ)ပြည်နယ်အတွင်းက တက်ကြွလှုပ်ရှားသူတွေရဲ့ ထင်မြင်သုံးသပ်ချက်တွေကို ဖော်ပြလိုက်ပါတယ်။ သူတို့က အဲ့လို ပြန်ပြင်ဆင်တယ် ပြန်တက်တယ်ဆိုတော့ လူငယ်တွေကို သက်သက် ဖိနှိပ်တယ်လို့ မြင်တယ်။ ပြီးတော့မှ လူငယ်တွေက သူတို့ကို အဲ့လောက်ထိ ပြောခဲ့တာမျိုးတွေ မရှိခဲ့ဘူးပေါ့။ ဒါပေမဲ့ […]

ကန္တာရဝတီတိုင်း(မ်) အလုပ်နှင့်ထောင်ဒဏ် ၆ လ ချမှတ်ခံရတဲ့ ကရင်နီလူငယ် ၆ ဦးနဲ့ ပတ်သက်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့က ကျေနပ်မှုမရှိ၍ ပြင်ဆင်ချက် ထပ်တက်ထားတယ်လို့ ထောင်ဒဏ်ချမှတ်ခံထားရပြီး ပြီးခဲ့တဲ့ ၂၅ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတဲ့ ခူးကြူးဖဲကေး(ခ) ဂူးဂူးက ပြောပါတယ်။ “ လွိုင်ကော်မြို့ နယ်တရားရုံးက ကျတော်တို့ကို ထောင်ဒဏ် ၆ လချတယ် ဆိုတော့ ဒီအပေါ်မှာ သူက( ပြည်နယ်ဝန်ကြီးချုပ်) ကျေနပ်မှု မရှိဘူး။ ကျေနပ်မှု မရှိတဲ့အတွက် ကျတော်တို့ကို နောက်ထပ် ထောင်ဒဏ် တစ်နှစ် ထပ်ချပေးဖို့အတွက် ဒီ လွိုင်ကော်ခရိုင်တရားရုံးမှာ သူက ပြင်ဆင်ချက် ထပ်တက်တယ်” လို့ ခူးကြူးဖဲကေး(ခ) […]

ကန္တာရဝတီတိုင်း(မ်) နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကရင်နီလူငယ် ၆ ဦးထဲမှ တစ်ဦးဖြစ်တဲ့ ခူးကြူးဖဲကေး(ခ) ဂူဂူး လွိုင်ကော်မြို့ နယ် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ “၂၅ ရက်နေ့ ၁၁ လပိုင်း ၂၀၁၉ မှာ ကျတော်ထောင်လျော့ရက်နဲ့ ထောင်က လွတ်လာပြီဖြစ်တယ်။ တစ်လက်စတည်းမှာပဲ ထောင်ကနေ လွတ်လွတ်ချင်းမှာ ဘာပြောချင်လဲဆိုတော့ တရားရုံးတွေမှာလည်း ကျတော် ပြောခဲ့သလိုပဲ တိုင်းရင်းသား လူနည်းစုတွေအတွက် အထူးအခွင့်အရေးဆိုင်ရာ ကျင့်စဉ်ဖြစ်တဲ့ effective action တစ်ရပ် ဖြစ်ပေါ်လာအောင် ဆက်လက်ပြီးတော့ ကြိုးစားသွားမယ် တိုက်ပွဲဝင်သွားမယ်။” လို့ ခူးကြူးဖဲကေး(ခ) ဂူဂူး ကပြောပါတယ်။ ခူးကြူးဖဲကေး(ခ) ဂူဂူးကို ပြီးခဲ့တဲ့ ဇွန်လ ၂ […]