ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် ဒီမောဆိုမြို့နယ် ငွေတောင်ဆည် ၊ ပါဒေါဒူရေဝင်ပေါက် မယ်စလီတောတွင် ယမန်နေ့ညနေ၆ နာရီကျော်အချိန်၌ ဓါးကိုယ်စီကိုင်ဆောင်ထာပြီး Mask ဝတ်ဆင်ထားသည့် လူငယ်သုံးဦးက သမီးရည်းစားစုံတွဲထံမှ ဆိုင်ကယ်နှင့်ဖုန်းနှစ်လုံးကို ဓါးထောက်ပြီး လုယူသွားတယ်လို့ဆိုပါတယ်။ လုယက်ခံရသူဖြစ်သည့် ဒီမောဆို မြို့မရပ်ကွက်နေ အောင်သန်းနိုင်ဦး (ခ) ဂျော့ဟင်နရီက “ ဖြစ်တာက ၆ နာရီခွဲ၊ ကျနော့်ကောင်မလေးက ဒီမောဆို စိန်ဂျိုးဇက်ဘော်ဒါမှာ စာသင်တယ်လေ၊ စာမသင်ခင်မှာ တစ်ချက်တွေ့မယ်ဆိုပြီးသွားတွေ့ကြတာ မိုးတောင်မချုပ်သေးဘူး၊ ဆိုင်ကယ်ရပ်ပြီးစကားပြောနေတာ ငါးမိနစ်တောင်မရှိသေးဘူး၊ နောက်ကလိုက်လာတဲ့ဆိုင်ကယ်က ကန်ဘောင်အောက်လမ်းမကြီးကနေပြန်ကွေ့လားပြီး ဓါးနဲ့ကျနော့်လည်ပင်းမှာ လာချိန်တယ်၊ နောက်တစ်ယောက်က ကျနော့်ကောင်မလေးကို ဓါးနဲ့ချိန်ထားတယ်၊ ပြီးတော့ဖုန်းနှိုက်ယူတယ်၊ ဆိုင်ကယ်ပါယူသွားတယ်” လို့ပြောပါတယ်။ ဓါးထောက်ယူသွားသည့်ဖုန်းနှစ်လုံးမှာ Red Mi Note […]

အန်ထောနီ ကယားပြည်နယ် ဒီမေားဆို မြို့မှာရှိတဲ့ ငွေတောင်ဆည်ဟာ တစ်နှစ်ထက်တစ်နှစ် ခရီးသွားဧည့်သည်တွေ ပိုများလာပါတယ်။ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင် တို့ရဲ့အရိပ်ထင်ဟပ်မှု့နှင့် စပါးခင်းတွေဟာဆိုရင် ငွေတောင်ဆည်ရဲ့အလှကို ပိုမိုပေါ်လွင်စေပါတယ်။ ကယားပြည်နယ်ရဲ့ သင်္ကေတလို့ပြောရင်လည်းမမှားပါဘူး။ ကန်ဘောင်ရိုးတစ်လျှောက်မှာ လှပတဲ့ ပန်းပင်မျိုးစုံနှင့် ညအချိန်မှာ ထွန်းထွန်းတောက်မဲ့ မီးတိုင်တွေကို ကြည့်လိုက်ရင်တော့ ရင်ထဲအေးချမ်းစေမှာအမှန်ပါပဲ။ ငွေတောင်ဆည်ကို ပတ်ပတ်လည်ကြည့်ရူဖို့ကန်ပတ်လမ်းတွေ ဖောက်လုပ်ပေးထားပါတယ်။ လေညင်းလေးတွေတိုက်ခတ်နေတဲ့ကန်ဘောင်ပေါ်မှာ ဆင်ကြီးစီးပြီးတော့လည်း ငွေတောင်ဆည်ရဲ့ အလှတရားတွေ ခံစားနိုင်ပါတယ်။ ညအချိန်ရောက်ရင် အများအားဖြင့် လူငယ်တွေက ဝိုင်းဖွဲ့ပြီးတော့ ဂီတာတီးပြီးမီးရောင်အောက်မှာသီချင်းတွေအော်ဆိုကြပါတယ်။ အပန်းဖြေလာသူတွေကြောင့်လည်း ငွေတောင်ဆည်ရဲ့အလှတရားများဟာ ပိုမိုအသက်ဝင်စေပါတယ်။ ယနေ့အချိန်မှာငွေတောင်ဆည်သို့ ပြည်တွင်းပြည်ပ ခရီးသွားတွေ နေ့စဉ်နှင့်အမျှ လာရောက်လည်ပတ်နေကြတာကို တွေ့မြင်နေရပါတယ်။ တစ်ချို့အလည်လာတဲ့ ခရီးသွားတွေကတော့ ကယန်းဝတ်စုံလေးတွေအငှားဝတ်ပြီး […]