ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ် ဆီးဘူးဒေသဘက်မှာတော့ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဘယ်လိုကိုယ်စားလှယ်တွေကို မျော်လင့်နေကြသလဲဆိုတာနဲ့ ပတ်သက်လို့ ဆီးဘူး ဒေသဘက်က ဒေသခံ တချို့ရဲ့ အသံကို ဖော်ပြလိုက်ပါတယ်။ ခွန်းဘတ်ထန် “ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်ပေါ့နော်။ ဒီဖက်မှာ ရွေးကောက်ပွဲအနိုင်ရခဲ့ရင် ဒီအလယ်ကယန်းဒေသမှာပေါ့။ ဆီးဘူးထိတော့ လမ်းပန်းဆက်သွယ်ရေးကတော့ အသင့်သင့်တော့ ကောင်းနေပါပြီ။ အဲ့ဒီအတိုင်းပဲ တောကျတဲ့ရွာတွေအပြင် ဟိုသိကျိတ်ဖက်ကနေ ဆီးဘူးကို ဆက်သွယ်တဲ့ လမ်းတွေ၊ ပြီးတော့ ကျေးကတော့ ဖက်ကနေ့ ဒီဖက်ဆက်သွယ်မယ့် လမ်းတွေကို ဒီထက် အဆင့်မြှင့်တဲ့ လမ်းတွေ လုပ်ဆောင်နိုင်မယ့် ပုဂ္ဂိုလ်မျိုးတွေ လိုလားတယ်။” စမူလိလီ “ ကျမတို့အနေနဲ့ကတော့ အမျိုးသမီးဆိုတော့ အမျိုးသမီးကဏ္ဍကို ပိုပြီးကြိုက်တာပေါ့နော်။ အမျိုးသမီးကိုယ်စားလှယ်ဖြစ်မယ်ဆိုလည်း […]