spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက ကျောင်းတကျောင်းမှာ ဆရာ၊ ဆရာမ လုံလောက်မှုမရှိတာကြောင့် နေ့တပိုင်းသာ စာသင်ကြားနိုင်

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက ကျောင်းတကျောင်းမှာ ဆရာ၊ ဆရာမ လုံလောက်မှုမရှိတာကြောင့် နေ့တပိုင်းသာ စာသင်ကြားနိုင်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စာသင်ကျောင်းတကျောင်းမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိတာကြောင့် ကျောင်းသားတွေကို မနက်ပိုင်းနဲ့ နေ့လည်ပိုင်း ခွဲပြီး စာသင်ကြားနေရတယ်လို့ ကျောင်းတာဝန်ရှိသူဆီကနေ သိရပါတယ်။

သင်ကြားရေးပိုင်း ဆရာ၊ ဆရာမလုံလောက်မှုမရှိတဲ့အတွက် အကြီးတန်းတွေကို မနက်ပိုင်းစာသင်ချိန်မှာ တက်ရောက်ခိုင်းပြီး အငယ်တန်းတွေကိုတော့ ညနေပိုင်းမှာ တက်ခိုင်းရတယ်လို့ ကျောင်းတာဝန်ခံတဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ ကျောင်းက ပုံမှန်ဖွင့်လှစ်ထားတာမျိုးတော့ မလုပ်နိုင်သေးဘူး။ ကျနော်တို့မှာ ဆရာ၊ ဆရာမ ဝန်ထမ်း အခက်အခဲ ရှိတဲ့အတွက်၊ မလုပ်နိုင်တဲ့အတွက် တပိုင်းစီ ဖွင့်ထားတာ ရှိတယ်။ မနက်ပိုင်း ကိုကျတော့ အလယ်တန်း တက်ခိုင်းတယ်။ Grade-6ကနေ Grade-9 အထိပေါ့။ ပြီးရင် ညနေပိုင်းကို ကျတော့ မူလတန်းပေါ့။ KG ကနေ Grade-5အထိပေါ” လို့ သူက ဆိုပါတယ်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အဆိုပါ ကျောင်းကို ပြီးခဲ့တဲ့ဇွန်လ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ထားတာဖြစ်ပြီး ဆရာ၊ ဆရာမ တဦးက (၄) ဘာသာ နှုန်းနဲ့ သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိ လိုအပ်နေတဲ့ ကျောင်းဆရာ၊ ဆရာအင်အား ဖြည့်တင်းနိုင်ဖို့ ကြိုးစားနေပြီး သင်ကြားရေးအပိုင်း စိတ်ဝင်စားသူတွေကိုလည်း ကြိုဆိုတယ်လို့ ကျောင်းတာဝန်ခံက ဖြည့်စွက်ပြောဆိုထားပါတယ်။

အဆိုပါ ကျောင်းဟာ KG အတန်းကနေ Grade-9 အတန်းထိ ဖွင့်လှစ်ထားတာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၈၀ နီးပါးကို ဆရာ၊ ဆရာမ (၇) ဦးက သင်ကြားပေးလျက်ရှိပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ