မီမြာ ၊ ဦးမြာ ကယားပြည်နယ် လွှတ်တော်မှ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ထံ တိုင်ထားတဲ့တိုင်စာပစ်စာအရ အကောင်အထည်ဖြေရှင်းနိုင်ဖို့ ၃၁ စောင်ကျန်ရှိသေးတယ်လို့ ၎င်းအဖွဲ့ဥက္ကဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။ အများဆုံးတိုင်ကြားထားတဲ့စာတွေက မြေယာပြဿနာတွေနဲ့ပတ်သက်တဲ့ တိုင်စာတွေဖြစ်တယ်လို့ဆိုပါတယ်။ “လယ်ယာမြေကိစ္စ၊ ပုံစံ(၇)မရတဲ့ကိစ္စ၊ ငွေကိစ္စ၊ အကြွေးကိစ္စ၊ ကျူးကျော်တဲ့ကိစ္စ၊ စစ်တပ်သိမ်းတဲ့ကိစ္စ တွေအကုန်တိုင်ကြတယ်ပေါ့” လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။ လယ်ယာမြေကိစ္စတွင် တောင်သူလယ်သမားအများဆုံး တိုင်ကြားပြီး လွိုင်ကော်ကအများဆုံးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ အလုပ်သမားတွေပိုက်ဆံမရတဲ့ ကုမ္ပဏီတွေကို အလုပ်သမားတွေက တိုင်ထားတာတွေလည်းရှိပြီး နှစ်ဖက်ကြားနာ ဖြေရှင်းပေးရတဲ့ အလုပ်သမားကိစ္စတွေလည်းရှိတယ် လို့သိရပါတယ်။ တိုင်စာပစ်စာ ကော်မတီကို ၂၀၁၆ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဖွဲ့စည်းထားတဲ့ အတောအတွင်း တိုင်စာ၄၃၈ စောင်ရှိတဲ့အနက် ၃၁ စောင်မှာ အကောင်အထည် […]

စိုးထိုက်အောင် ၂၀၁၅ ရွေးကောက်ပွဲအပြီး အသစ်တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်နဲ့ ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်မှာဆိုရင် ပြည်သူ့အကျိုးပြု ကော်မတီတွေ ၉ ဖွဲ့ဖွဲ့ ထားကြတာတွေ့ရပါတယ်။ အဲဒီမှာ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ ဆိုတာလည်း ပါရှိပါတယ်။ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ကို ၂၀၁၆ခုနှစ် ၊ စက်တင်ဘာ (၃၀)ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ကယားပြည်နယ် လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၆) ဒုတိယနေ့ အစည်းအဝေးမှာ အတည်ပြုခဲ့တယ်လို့ ကယားပြည်နယ်လွှတ်တော်ဝက်ဆိုက် စာမျက်နှာဖော်ပြပါအချက်အရ သိရပါတယ်။ ပြည်သူတွေရဲ့ တိုင်စာပစ်စာတွေထဲမှာလည်း ဒီလို အစိုးရလက်ထက် လမ်းတံတား၊ အဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းတွေ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေစတာတွေလည်း စီစစ်ရတယ်လို့ကြားသိရပါတယ်။ ၎င်းအဖွဲ့က နိုင်ငံသားတိုင်း တန်းတူညီမျှမှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိရေးတို့ ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့များ၏ […]