ကန္တာရဝတီတိုင်း(မ်) လက်ရှိပြည်သူ့အစိုးရလက်ထက်မှာ တိုင်းရင်သားတောင်သူတွေရဲ့ အခွင့်အရေးတွေ အချိုးဖောက်ခံနေရမှု ပိုဆိုးဝါးလာနေပြီး ကယားပြည်နယ်အတွင်း ရွာလုံးကျွတ်နီးပါး တောင်သူတွေ တရားစွဲခံရတဲ့ ကိစ္စဟာ လုံးဝမဖြစ်သင့်ဘူးလို့ ချင်းလယ်သမားများကွန်ယက် (Chin Farmers Network) မှ မမိုးမိုးက ပြောပါတယ်။ ” ဒီအစိုးရလက်ထဲမှာ တောင်သူတွေရဲ့အခွင့်အရေးက ဘာတိုးတက်မှုမှမရှိဘူး သူတို့အသစ်ပြင်လိုက်တဲ့ဥပဒေ က တောင်သူတွေအတွက်ပိုဆိုးစေတယ်။ နောက်ပြီးကယားပြည်နယ်မှာ တောင်သူတွေအများကြီးကိုတရားစွဲတာက လုံးဝ မဖြစ်သင့်ဘူး”လို့ မမိုးမိုးကပြောပါတယ်။ ကယားပြည်နယ်မှာမြန်မာ့တပ်မတော်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့က ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဝန်ထမ်း၃ဦးနဲ့ တောင်သူလယ်သမား၁၀ဦးကို ပုဒ်မ ၄၄၇နဲ့ ထပ်မံတရားစွဲလိုက်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်ကတောင်သူလယ်သမားတွေကို တရားစွဲဆိုတာ စုစုပေါင်း တောင်သူ ၄၁ ဦးရှိနေပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ဒေသခံ […]