စိုးထိုက်အောင် ထိုင်းနိုင်ငံနဲ့ကယားပြည်နယ် ဆက်စပ်နေတဲ့ မယ်စဲ့မြို့နယ်အတွင်းက BP ၁၄ဂိတ်ကို ကုန်သွယ်ရေးအတွက် တရားဝင်ဖွင့်လှစ်ပေးဖို့ အဲဒီမှာနေတဲ့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ “ ဒီလမ်းကြောင်းပွင့်ပြီးတော့မှ ကုန်သွယ်ရေး အသွားအလာတွေဖြစ်မှ ကျတော်တို့ကျေးရွာအနေနဲ့လည်း လူထုတွေ အလုပ်အကိုင်၊ စားဝတ်နေရေးတွေ အဆင်ပြေမှာဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျတော်တို့ကျေးရွာသည် ပင်မရင်းမြစ်ကျတော်တို့ ပြောမယ်ဆိုလို့ရှိရင် နယ်မြေခံလူတွေမဟုတ်တဲ့အတွက်ကြောင့် လယ်ယာမြေတွေ မရှိဘူးလေ။ လယ်ယာမြေတွေမရှိတဲ့ အတွက်ကြောင့် ဒီကုန်သွယ်ရေးလမ်းကြောင်းကိုပဲ အမှီပြုပြီးတော့မှ လုပ်ကိုင်စားသောက်ရတဲ့ ကျေးရွာဖြစ်တဲ့အတွက်ကြောင့် ကုန်သွယ်ရေးလမ်းကြောင်းဖွင့်မယ်ဆိုရင်တော့ ဒါကျတော်တို့ကျေးရွာအတွက် စားဝတ်နေရေးလေးတွေ၊ အလုပ်အကိုင်လေးတွေ အဆင်ပြေမယ့် အနေအထားရှိတာပေါ့။” လို့ မယ်စဲ့အုပ်စု အုပ်ချုပ်ရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။ Covid မဖြစ်ပွားခင်အထိ ဟိုစဲ့ကျေးရွာကဒေသခံတွေနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းက နယ်စပ်နားက ရွာတွေဟာ […]