TAG
ပရဟိတ
ပရဟိတအသင်းအဖွဲ့များ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန် သွားရောက်လှူဒါန်း
ကန္တာရဝတီတိုင်း(မ်)
ပရဟိတလူမှုကူညီရေးအသင်းတွေဖြစ်တဲ့ ဝစ္စကုဋီပရဟိတအသင်းနဲ့ ဖေးကူလက် (လွိုင်ကော်) ပရဟိတအသင်းတို့မှ ပေးအပ်လှူဒါန်းတဲ့ အလှူရှင်များကိုယ်စား လွိုင်ကော်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို ဧပြီလ ၂၆ရက်နေ့က အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ပါတယ်။
ဝစ္စကုဋီပရဟိတအသင်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဇော်ထက် “နိုင်ငံတော်အစိုးရကလည်း ကိုဗစ်-၁၉ ကာလပေါ့ အဲ့ချိန်မှာ ဆန်တွေ ဆီတွေဖြန့်ဝေပေးတာရှိတယ်လေ။ အဓိက ထားတာကတော့...