နော်ဒွေးအယ်ခူ ကယားပြည်နယ်သို့ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်တွေ လွိုင်ကော်- ဖယ်ခုံ မီးရထားလမ်း ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူက ပြောပါတယ်။ ဦးအောင်သူရက “မီးရထားနဲ့သွားချင်တဲ့သူရှိရင် မီးရထားလမ်းကြောင်းတစ်လျှောက် လွိုင်ကော်တစ်လျှောက် ဖယ်ခုံတစ်လျှောက်ကို မီးရထားနဲ့ ကယားပြည်နယ်ရဲ့အလှအပကို သေချာခံစားလို့ရမယ်ပေါ့နော” လို့ ပြောပါတယ်။ လွိုင်ကော်-ဖယ်ခုံ မီးရထားပြေးဆွဲမည့်လုပ်ငန်းကို စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေက ကွင်းဆင်းဆောင်ရွက်နေပြီး လုပ်ငန်းအဆင်ပြေပါက ပြည်နယ်အစိုးရနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန သို့ တင်ပြသွားမယ်လို့ သိရပါတယ်။ ကယားပြည်နယ်ကိုလာလည်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ ကျေးရွာ အခြေပြုခရီးသွားလုပ်ငန်း (Community Base Tourism) ကို အများဆုံးစိတ်ဝင်စားကြပြီး ဒေသအတွင်း သွားရောက်လည်ပတ်တဲ့အခါမှာလည်း လည်ပတ်တဲ့နေရာမှာ ပိုများလာအောင် အသစ်တိုးချဲ့ဖို့ ထပ်မံစီစဉ်ထားတယ်လို့လည်း သိရပါတယ်။ […]