နော်ဒွေးအယ်ခူ ယာဉ်မှတ်ပုံတင်ပြုလုပ်ခြင်းနဲ့ သက်တမ်းတိုးဝန်ဆောင်မှုလုပ်ငန်းတွေကို ဇွန်လ (၈)ရက်နေ့ကစပြီး ပြန်လည်ဆောင်ရွက်နေပြီလို့ လွိုင်ကော်မြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်နန်းစိုးစိုးဟတ်က ပြောပါတယ်။ ဒေါ်နန်းစိုးစိုဟတ် “ ဝန်ဆောင်မှုလုပ်ငန်တွေက ကယားပြည်နယ်အတွက်ဆိုရင် ၂၀၂၀မတ်လ (၃၀)ရက်နေ့ကစပြီးတော့ ဝန်ဆောင်မှုတွေရပ်ဆိုင်းခဲ့တယ် ရပ်ဆိုင်းပြီးတော့ ဇွန်လ (၈)ရက်နေ့မှာဝန်ဆောင်မှုလုပ်ငန်းတွေပြန်ပြီးဆောင်ရွက်တယ်။ ဒါပေမယ့် အဲလိုဆောင်ရွက်တဲ့အချိန်မှာ ယာဉ်မောင်းလိုင်စင်အသစ်ဖြေဆိုတဲ့ ကိစ္စကိုတော့ ဆက်လက်ပြီး ရပ်ဆိုင်းထားသေးတယ် တကယ်လို့ဆောင်ရွက်မယ်ဆိုတဲ့နေ့ကျရင်တော့ အားလုံးသိအောင် ကြိုတင် ခုလိုပဲကြေညာပေးမယ်ပေါ့နော။ အခုကတော့ ဇွန်လ(၈)ရက်နေ့ကစပြီးတော့ လုပ်ငန်းတွေပြန်ပြီးတော့ သက်တမ်းတိုးလုပ်ငန်းတွေအားလုံးကို ယာဉ်မောင်းတွေကော ယာဉ်မှတ်ပုံတင်ကောဆောင်ရွက်နေပြီဖြစ်ပါတယ်”လို့ ပြောပါတယ်။ ကညနရုံးရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို COVId-19 ရောဂါ ကြိုတင်တားဆီးကာကွယ်ဖို့အတွက် မတ်လ (၃၀)ရက်နေ့မှစပြီး ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ဇွန်လ ၈ ရက်နေ့မှာတော့ လုပ်ငန်းတွေကို […]

နော်ဒွေးအယ်ခူ COVID-19 နဲ့ပတ်သက်ပြီး ယာဉ်မောင်းများအတွက် ကျန်းမာရေးအသိပညာနဲ့ ရောဂါမကူးစက်အောင် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ဖို့အတွက် အချက် ၅ ချက်ကို ပြည်နယ်အစိုးရက ဧပြီလ ၈ ရက်နေ့ ညွှန်ကြားခဲ့ပါတယ်။ ညွှန်ကြားချက် ၅ချက်ကတော့ ယာဉ်မောင်းတိုင်း Mask တပ်ဆင်မောင်းနှင်ရန်၊ ယာဉ်ပေါ်အတက်/အဆင်းတိုင်း လက်သန့်စင်ဆေးရည်ဖြင့် ဆေးကြောရန်၊ ခရီးသည်တင်ယာဉ်ဖြစ်ပါက ခရီးသည်များ Mask တပ်ဆင်ရန်၊ ယာဉ်ပေါ်ရှိထိုင်ခုံများတွင် ခရီးသည်များနေရာယူရာ၌သတ်မှတ်အကွာအဝေးရှိစေရန်၊ မော်တော်ယာဉ်များတစ်ခေါက်ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖြန်းရန် စတဲ့အချက်တွေပဲဖြစ်ပါတယ်။ သို့သော် အချက် ၅ ချက်ထဲမှာ ယာဉ်လိုင်းများအတွက် အဆင်မပြေတဲ့အချက်တွေကို ပြည်နယ်အစိုးရထံ ပြန်လည်တင်ပြသွားမယ်လို့ လွိုင်ကော်မြို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးစံအေးက ပြောပါတယ်။ “ထုတ်လာပေးတဲ့အချက်ထဲမှာ အဓိကကျတော်တို့ပြည်နယ်က အခက်အလေးတစ်ခုရှိနေတာက တခြားတိုင်းနဲ့ပြည်နယ် […]