ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်၊ လွိုင်ကော်မြို့ နယ်၊ ပွန်ချောင်းဘေးတွင် ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၂၇ ရက်နေ့မှာ တရားမဝင်သစ်များ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ လွိုင်ကော်မြို့ နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှုး ဦးသောင်းတင်ဌေးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ “ ကျတော်တို့ ပိုင်ရှင်တော့ မမိဘူး။ တပ်မတော်စစ်ကြောင်းက အရင်စတွေ့ တယ်ဆိုတော့လေ။ ကျတော်တို့က နောက်တစ်နေ့မှ လိုက်သွားတာ ” လို့ ဦးသောင်းတင်ဌေးက ပြောပါတယ်။ ခလရ( ၄၂၉) တပ်ရင်းမှ ဗိုလ်မှုးဇော်ဝင်းအောင် ဦးစီးသော တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့အစည်းက တွေ့ ရှိပြီး သစ်တောဦးစီးဌာနကို အကြောင်းကြားရာမှ ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ သစ်ယာသစ်များဖြစ်ပြီး […]

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် မယ်စဲ့မြို့နယ်အတွင်း သစ်တောမြေများကို ကျူးကျော်သည်ဟုဆိုကာ ဒေသခံ ၅ ဦးအား တရားစွဲထားသည့်အပေါ် တရားမျှတမှုမရှိကြောင်း တရားစွဲဆိုခံရသည့်သူများကို ဆိုပါသည်။ “သစ်တောကျုးကျော်တွေ အများကြီးရှိတယ်။ ကိုယ့်ဟာကိုပဲ သိမ်းရမလားပေါ့။ အရင်တုန်းက ကျမတို့ယူတော့ ချောက်ကြီး၊ အဲ့ဒါကြီးကို မြေဖို့ပီးကောင်းသွားပီဆိုမှ အဲ့ဒါကိုမြင်ပီး သူတို့ကလာသိမ်းတယ်။” ဟု တရားစွဲဆိုခံရသူ ဒေါ်ဖြိုးဖြိုးဆွေက ကန္တာရဝတီတိုင်း(မ်)သို့ ပြောပါသည်။ ၂၀၁၂ ခုနှစ်တွင် ဝယ်ထားတာဖြစ်ပြီး ချောက်ကြီးကိုမြေဖို့လိုက်ပြီးနောက် သစ်တောဦးစီးဌာနမှ ယခုအခါ သစ်တောကျူးကျော်ဟုဆိုကာ တရားစွဲဆိုလိုက်သည်ဟုဆိုပါသည်။ မယ်စဲမြို့ပြင် လမ်းဘေးနေရာများတွင် သစ်တောနေရာကို ကျူးကျော်သည့်သူ စာရင်းမှာ ၁၅ ဦးရှိနေပြီး ၅ဦးကိုသာ တရားစွဲဆိုထားခြင်းဖြစ်သည်။ ၎င်းသစ်တောမြေဟုဆိုထားသည့်မြေတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်၏ အစ်မဖြစ်သူပါဝင်နေသော်လည်း တရားစွဲဆိုခြင်းမရှိသည့်အတွက် တရားမျှတမှုမရှိကြောင်း […]