“လူထုတစ်ရပ်လုံး ပြည်တွင်းစစ်အောက်မှာ နှစ် ၇ဝ နီးပါးနေလာပြီး ဆင်းရဲနွမ်းပါးနေကြတယ်…..ဆိုတော့ တိုင်းပြည်ကို ဒီ့ထက်နည်းနည်းပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲ” ကော်မိန်း ပြီးခဲ့သည့် ဇူလှိုင်လ ၁ရ – ၁၈ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒယ်ရယ်ကောင်စီ (UNFC) ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်တွိနှင့် ကန္တာရဝတီတိုင်း(မ်)မှ သတင်းထောက် ကော်မိန်းနှင့်တွေ့ဆုံမေးမြန်းထားသည့်အချက်များကို ဖော်ပြလိုက်ရပါသည်။ မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြပေးပါ။ ဖြေ ။ ။ ကျနော် တို့ထိပ်သီးခေါင်းဆောင်လေးယောက်သွားတယ်လေနော်။ နံပါတ် ၁ က ကချင်ဒုဥက္ကဌ ဦးအန်ဘလ ပါတယ်။ […]