စိုးထိုက်အောင် ဖရူဆိုမြို့နယ်၊ လောဂျာကျေးရွာအတွင်းမှာ ရွာလယ်လမ်းခင်းဖို့အတွက် လွှတ်တော်မှာ တင်ပြထားပေမယ့် အစိုးရဘက်ကလျာထားဘတ်ဂျက်တွေမပါတဲ့အတွက် ကျေးရွာလူထုတွေကနေပူးပေါင်းပြီးတော့ ကွန်ကရစ်လမ်းပြုလုပ်ခဲ့ကြတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။ ဦးသဲရယ်က “ဘယ်ခုနှစ် ဘယ်အချိန်လုပ်ပေးမယ်ဆိုတဲ့ဟာမျိုးတော့ တိတိကျကျဖြေပေးတာမျိုးတော့မရှိဘူး။ အဲ့ဒါကျတော်တို့ဘတ်ဂျက်အခြေအနေအရ ကျတော်တို့လုပ်ပေးမယ်။ ဒီလမ်းလဲရွာတွင်းလမ်းဖြစ်တယ်ပေါ့နော် နောက်ကျောက်ချောလမ်းလဲရပြီးသားဆိုတော့ ထပ်ပေးဖို့က အဆင်မပြေသေးဘူးဆိုပြီးတော့မှအဲ့လိုပဲပြန်ဖြေလာတာပေါ့နော်”လို ပြောပါတယ်။ ၂၀၁၇ခုနှစ်ကတည်းတင်ပြထားပြီး အစိုးရဘက်က လုပ်ပေးတာလဲမရှိသလို၊ လျာထားပေးတာလဲ မရှိဘူးလို့ဆိုပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းက ဖရူဆိုမြို့နယ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွေကနေပီးတော့ (၆.၁၈ဖာလုံ) ကျောက်ချောလမ်းဖြစ်ပြီး ၎င်းလမ်းမှာ ပျက်စီးနေပြီဖြစ်လို့ ကတ္တရာလမ်း ထပ်မံတောင်းဆိုထားတာဖြစ်ပါတယ်။ ယခုအခါမှာဆိုရင် ရွာရဲ့အနေအထားအရ အတက်အဆင်းတွေအရမ်းများပြီး ရေတိုက်စားမှုတွေနဲ့ လမ်းတွေပျက်စီးနေတဲ့အတွက်အကြောင့် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းလုပ်လိုက်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ လောဂျာကျေးရွာရဲ့ရာအိမ်မှုးဦးတီရယ်က “အခုတော့ ကတ္တရာနဲ့လိုချင်တယ် […]

မူအက်စတာ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုရာသီဥတုကြောင့် ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအများစုတို့မှာ ရေရရှိရေးစီမံကိန်းများကိုသာ အများဆုံးလိုအပ်နေကြသည်ဟု လူထုဗဟိုပြုစီမံကိန်း (CDD)ပရောဂျက် နည်း       ပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ကိုကျော်စွာက ပြောသည်။ “ရေရှားလို့ အယ်နီညိုရာသီဥတုဖြစ်ပေါ်လို့ ရေခမ်းကုန်တာ” ဟု ကိုကျော်စွာက ပြောသည်။ လူထုလိုအပ်ချက်များအတွက် ပြုလုပ်ပေးသည့် လူထုဗဟိုပြုစီမံကိန်းတွင် ဖရူဆိုမြို့နယ်အတွင်း ရေရရှိရေးမှာ အရေးကြီးဆုံး ကဏ္ဍ ဖြစ်လာခဲ့ပြီး စီမံကိန်းတွင်ပါဝင်နေသည့် လုပ်ငန်းပေါင်း ၆၄ ခုထဲမှ မဖြစ်မနေလုပ်ဆောင်သွားရမည့် အစိတ်အပိုင်း    လည်း ဖြစ်လာခဲ့သည်။လုပ်ဆောင်ခဲ့ပြီးသည့် စီမံကိန်းများကိုလည်း စောင့်ကြည့်လျှက်ရှိပြီး နှစ်စဉ်နှစ်တိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းသည့်အပိုင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဖရူဆိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း၊ မြို့နယ်စီမံကိန်း […]