spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကပ်ရောဂါ ကြိုတင်တာဆီးတဲ့အနေနဲ့ စုပေါင်းကေ့ထျိုးဘိုးပွဲအကျဉ်းချုံးသာ ပြုလုပ်မည်

Author

Date

Category

စိုးထိုက်အောင်

ကပ်ရောဂါဆိုးဖြစ်ခြင်းမှ ကင်းဝေးစေဖို့ ကြိုတင်တားဆီးကာကွယ်တဲ့အနေနဲ့ စုပေါင်းကေ့ထျိုးဘိုးပွဲတော်ကို ရိုးရာအရသာ အကျဉ်းချုံးပဲပြုလုပ်တော့မှာဖြစ်တယ်လို့ (၆၂)ကြိမ်မြောက် စုပေါင်းရိုးရာကေ့ထျိုးဘိုးပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ ဦးမီရယ်က ပြောပါတယ်။

ကေ့ထျိုးဘိုးပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌဦးမီရယ်က “ ဒီပွဲက ကျတော်တို့အစကတော့ ကျတော်တို့ဒီပွဲဖြစ်မယ်မဖြစ်မယ်ဆိုတာက ကျတော်တို့အရင် လျာထားတဲ့ဟာတွေပေါ့နော် ဖြစ်မယ်လို့ဘဲ ထင်တာပေါ့နော် ပွဲလဲနီးလဲနီးရော ကျတော်တို့ဒီ ကိုရိုနာ ဗိုင်းစ်ရပ်အကြောင်း ကျတော်တို့ကြားလိုက်ရတော့ ကျတော်တို့အကုန်လုံးပြန်လျော့ရတယ်ပေါ့နော်။”လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ဖဲလျားကျေးရွာတွင် စုပေါင်းကေ့ထျိုးဘိုးပွဲတော် ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ခဲ့ကြတဲ့ မြင်ကွင်း

ကယား(ကရင်နီ)မျိုးနွယ်စုတို့ရဲ့ (၆၂)ကြိမ်မြောက် စုပေါင်းရိုးရာကေ့ထျိုးဘိုးပွဲတော်ကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထီးပိုးကလိုးကျေးရွာအုပ်စု၊ ဖဲလျားကျေးရွာတွင် မတ်လ ၂၃ ရက်နေ့ ၂၀၂၀ခုနှစ်ကနေ မတ်လ ၂၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ကနဦးလျာထားခဲ့ပြီးဖြစ်ပါတယ်။

ယခုလို ကမ္ဘာတစ်လွှား ကူးစက်ပျံ့နှံနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019/Covid- 19 ) ကြောင့် (၆၂)ကြိမ်မြောက် စုပေါင်းရိုးရာကေ့ထျိုးဘိုးပွဲတော် လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခြင်း မပြုလုပ်ဖို့ ဒီနေ့ မတ်လ ၁၆ ရက်နေ့မှာ ကေ့ထျိုးဘိုးပွဲတော်ပွဲကျင်းပရေးဦးစီးကော်မတီကနေ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ပွဲတော် ကျင်းပရေးဦးစီးကော်မတီကနေ ယနေ့ ထုတ်ပြန်လိုက်တဲ့အကြောင်းကို ပွဲဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဌ ဦးသဲရယ်က အခုလိုရှင်းပြပါတယ်။

“ ဒီပွဲကို ကျတော်တို့ကြီးကြီးကျယ်ကျယ်လုပ်မယ်ဆိုရင် လူဦးရေကတော့ ၃သောင်းနဲ့၅သောင်း ဝန်းကျင်လောက်မှာရှိမယ် ဆိုတော့လူစုလူဝေးတွေမလုပ်ဖို့ ဒီကျန်းမာရေးအတွက်ကို တစ်ဖက်လူကို ကူးစက်နိုင်တဲ့ အနေအထားတွေမဖြစ်ဖို့၊ မလုပ်ဖို့ဆိုတဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ကရော၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက ထုတ်ပြန်ကြေညာချက်၊ ပန်ကြားစာတွေက အဲ့ဒါကို ဒါကျတော်တို့ကလည်းတစ်ဦးတစ်ယောက်အနေနဲ့လိုက်နာဖို့တာဝန်ရှိတယ်။” လို ဦးသဲရယ်က ပြောပါတယ်။

ဒါကြောင့် ကေ့ထျိုးဘိုးပွဲတော်သို့ တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တော်တွေနဲ့ နှစ်စဉ်နှစ်တိုင်းလိုလို ကျင်းပသလို စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်တော့ဘူးလို့သိရပါတယ်။

ထို့အပြင် လူထုအကြိုတွေ့ဆုံပွဲ၊ လူထုအခမ်းအနား၊ ရိုးရာယဉ်ကျေးမှုအကပဒေသာ၊ အီလူးဗျာကျယ်နှင့် ကျေးရွာ ကိုယ်စားလှယ်တို့ရဲ့ နှစ်ပတ်လည်အစည်းအဝေး၊ မော်မိုးကော်မတီအစည်းအဝေး၊ ဈေးဆိုင်ခန်းတွေ၊အားကစားပြိုင်ပွဲတွေ ထည့်သွင်း ကျင်းပြပြုလုပ်တော့မည် မဟုတ်ကြောင်း လည်း ထုတ်ပြန်ထားပါသေးတယ်။

ကေ့ထျိုးဘိုးတိုင်တော် ခုတ်ယူခြင်း၊ ကေ့ထျိုးဘိုးတိုင်တော်သယ်ယူခြင်းနှင့် ကေ့ထျိုးဘိုးတိုင်တော် စိုက်ထူပူဇော်ခြင်း လုပ်ငန်းတွေကိုသာ ရိုးရာအစဉ်အလာနှင့်အညီ သက်ဆိုင်ရာ “အီလူးဗျာကျယ်များ(ရိုးရာအကြီးအကဲများ)” နှင့်တာဝန်ရှိသူတို့နှင့်သာ အကျဉ်းချုံးပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့(World Health Organization – WHO) ၏ လမ်းညွှန်ကြေညာချက်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးရဲ့ ပန်ကြားချက်တို့ကို လိုက်နာဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကေ့ထျိုးဘိုးတိုင်တော်ကို ဘိုးဘွားအစဉ်အဆက်ကတည်းက မိုးလေဝသမှန်ကန်ခြင်း၊ ဆန်ရေစပါးပေါများခြင်း၊ ရောဂါဘယ ကင်းဝေးခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးတို့အတွက် ရိုးရာအမွေအနှစ်တစ်ခုအဖြင့် နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts