spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယန်းဒေသဘက်က ဒေသခံတွေအစိုးရကို ဘာတွေပြောချင်လဲ

Author

Date

Category

ခွန်းကလိုင်းဖရီး

ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းဒေသမှာ နေထိုင်တဲ့ ဒေသခံတွေက လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒီအစိုးရအပေါ် ဘယ်လိုမြင်သလဲ။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သူတို့ ဘာတွေမျှော်လင့်နေကြပါသလဲ။

ဒေသတွင်း ဘိန်းစိုက်ပျိုးမှု လျှော့ချနိုင်ဖို့ ဘာတွေ ပြောဆိုထားကြသလဲဆိုတာတွေနဲ့ပတ်သက်လို့ ကန္တာရဝတီတိုင်း(မ်) ကနေ ဒေသခံလူထုတွေကိုမေးမြန်းကောက်နုတ်တင်ပြထားတာဖြစ်ပါတယ်။

ခွန်းရကောက် (လအိကျေးရွာ၊ ရီနွဲ့ကျေးရွာအုပ်စု၊ ဖယ်ခုံမြို့နယ်)

ခွန်းရကောက် (လအိကျေးရွာ၊ ရီနွဲ့ကျေးရွာအုပ်စု၊ ဖယ်ခုံမြို့နယ်)
“၂၀၁၅ NLD အစိုးရ ကာလကတော့ ကျနော်တို့ ဒီမှာကတော့ ပြောင်းလဲမှုဆိုတာ သိပ်များများစားစားမရှိပါဘူး။ တချို့လမ်းတွေလောက်ပဲ ပြောင်းလဲသွားတာပေါ့။ တခုကောင်းသွားတာက သူတို့ ပိုပြီးတော့မှ ကွင်းဆင်းလေ့ လာတာတို့ ပိုပြီးတော့မှ ကျနော်တို့ဖက်ကို ရပ်တည်ပေးတယ်။ မလုပ်ပေးနိုင်ရင်တောင်မှ ကျနော်တို့ အခက်အခဲကိုတော့ လာမေးတယ် အဲ့မျိုးပေါ့နော်။

ကျနော်တို့ကို လုပ်ပေးသင့်တယ်ဆို ဥပမာ အစားထိုး သီးနှံဆိုလည်း ပံ့ပိုးပေးသင့်တယ်လေနော်။ ကျနော်တို့ ဒီမှာ ၅၀၀၊ ၆၀၀ လောက်ရှိတဲ့ အိမ်ခြေကို အပင်လာပေးရင် သုံးလေးရာ အဲ့ခါကျတော့ သိပ်အဆင်မပြေဘူးပေါ့နော်။ ကျနော်တို့ ဒီမှာ ကျနော်တို့ စိုက်ပျိုးတဲ့ သီးနှံပဲ ဖြစ်ဖြစ် ကျနော်တို့ကို ကူညီစေချင်ရင် လုံလုံလောက်လောက်လေးနဲ့ ပြီးတော့ ကျနော်တို့ ဒေသနဲ့ ကိုက်ညီတဲ့၊ အပ်စပ်တဲ့ အသီးအနှံဖြစ်ဖြစ် ရှာပေးစေချင်တယ်။

တောင်းဆိုချင်တာတော့ အများကြီးရှိတယ်။ ဒါပေမယ့် တစ်ခုပဲ ပြောချင်ပါတယ်။ မဖြစ်ခင်တုန်းကတော့ လေကြီးမိုကြီးပြောပြီးတော့မှ ဖြစ်ပြီးတော့မှ ပြောခဲ့တဲ့စကားကို မမေ့ဖို့ပဲပေါ့နော်။ အဲဒါက ပြီးခဲ့တဲ့ တစ်သုတ်၊ နှစ်သုတ်တုန်းက အနည်းနဲ့အများ ကျနော်တို့ ခံစားခဲ့ရပြီလေနော်။ အဲ့လိုမျိုးမဖြစ်အောင် ကျနော်တို့ ပြည်သူကိုလည်း လှည့်စားတဲ့ ပုံစံမျိုးမဖြစ်အောင် ကြိုးစားပေးပါလို့။”

မူမိငယ် (ဟန်ပို့ကျေးရွာ၊ ဖယ်ခုံမြို့နယ်။)

မူမိငယ် (ဟန်ပို့ကျေးရွာ၊ ဖယ်ခုံမြို့နယ်။)
“မကွာဘူးပဲတောဖက်ကျတော့။ မြို့ဖက်ကတော့ လမ်းက ကွာတယ်၊ သွားဖူးတာ။ လွိုင်ကော်တို့ ဆီးဘူးတို့ လမ်းက တိုးတက်လာတယ်။ ဒီဖက်ကျတော့ ဒီတိုင်းပဲ။ (မဲဘယ်လိုပေးရမလဲ) အကုန်မသိသေးဘူးထင်တယ်။ လာပြောတဲ့လူလည်း သိပ်မရှိသေးဘူးကော။ မဲထည့် ခါနီးဆို ပြောပြတဲ့လူရှိတယ်။ လမ်းတွေ၊ မီးတွေ အဲ့မျိုးကြည့်ပေးတဲ့ ကိုယ်စားလှယ်မျိုးတော့ လိုချင်တာပေါ့နော်။ နောက် ပြောင်းဖူးစိုက်လည်း ပြောင်းဖူးဈေးရှိအောင်ပေါ့နော်။ အဲ့မျိုး ကူညီပေးတဲ့လူပဲ လိုချင်တာပေါ့။ ပြောင်းဖူးစိုက်ပြီးတော့မှ ဈေးမရှိဖူးဆိုလည်း အလာကားပဲလေနော်။
အဓိက မီးပေါ့နော်။ မီးရရှိစေချင်တယ်။ ထင်းလည်း ရှာရခက်တယ်ကော၊ အဲ့အတွက်ကြောင့်၊ ကိုယ်ပိုင်တောတွေပဲ ရှိတယ်ကော၊ မရှိတဲ့လူကျ ရှာရခဲ့တယ်လေ။ လမ်းတွေ တိုးတက်လာမယ်လို့ မျှော်လင့်ထားတယ်။ လမ်းလည်း သူများရွာကျ ဟိုဘက်လည်း ကောင်း ဒီလက်လည်း ကောင်း ဒီအကြားပဲကျန်၊ လမ်းလည်း ကောင်းလာမယ်လို့ ထင်တယ်။”

စခွန်းအေးမောင် (လအိကျေးရွာ၊ ဖယ်ခုံမြို့နယ်)

စခွန်းအေးမောင် (လအိကျေးရွာ၊ ဖယ်ခုံမြို့နယ်)
“ကျနော်တို့ ဒီ ၅ နှစ်အတွင်းမှာ ပါတီက ဦးစီးဦးဆောင်ပြီးတော့မှ လုပ်တာလို့ မရှိခဲ့ဘူးဗျ။ အဓိက ကျနော်တို့ ရတဲ့ တိုက်နယ်ဆေးရုံတို့ ကျောက်ခင်းလမ်းတို့ပေါ့နော်။ ဒီကျောက်ခင်းလမ်း (၆) မိုင်တို့ဆို ဟိုအရင် ပါတီလက်ထက်မှာ ရတဲ့အတိုင်းအတာပေါ့နော်။ ဒီ ၅ နှစ်အတွင်းမှာ အခုက ရတဲ့ ဆေးရုံသွားတဲ့လမ်း ပေ ၁၀၀ ဆိုလည်း ကျေးလက်ဦးစီးကနေ ဘတ်ဂျက်တစ်ခုနဲ့ ရခဲ့တယ်။ အဲ့တစ်ခုပေါ့နော်။ ကျန်တဲ့ဟာက ဘာမှ ရတယ်လို့ မတွေ့ရဘူး။ မရခဲ့ဘူးပေါ့နော်။
ကျနော် ရွေးမယ့် ကိုယ်စားလှယ်ပေါ့နော်။ ဥပမာ ကျနော်တို့ ဒေသမှာ ကျနော်တို့ ပြည်သူလူထုနဲ့ အမြဲတမ်းထိတွေ့ပြီးတော့မှ ပြည်သူလူထုရဲ့ လိုလားချက်ကို အမြဲတမ်း လက်ပွန်းတတီး အမြဲတမ်း လာထိတွေ့ ညှိနှိုင်းမယ်၊ ဆွေးနွေးမယ်၊ ကျနော်တို့ ပြည်သူလူထု လိုအပ်ချက် အသံတွေကို လာနားထောင်ပေးမယ့် ပုဂ္ဂိုလ်တွေပေါ့နော်။ အဲဒါကို အဓိက ဦးစားပေးပြီးတော့မှ မဲပေးဖို့ရှိတာပေါ့နော်။ သူတို့ နိုင်သွားရင်တော့ ဒီလမ်းပေါ့နော်။ ပြီးတော့ ဒီလမ်းအပြင် အခုက တရားမဝင်တဲ့ ဘိန်း အဓိက အားကိုးအားထား အဲ့ဒါပေါ့နော်။ ဆိုတော့ အဲ့ဒါ အစားထိုးတဲ့ သီးနှံတွေကို ကျနော်တို့ ဒေသနဲ့ ဖြစ်ထွန်းကိုက်ညီတဲ့ သီးနှံပေါ့နော်။ အဲဒီဖြစ်ထွန်းတဲ့ သီးနှံကို ခိုင်မာတဲ့ ဈေးကွက် ဖော်ဆောင်ပေးနိုင်တဲ့ ကိစ္စပေါ့နော်။ အဲ့အပိုင်းတွေ လုပ်ပေးဖို့ တင်ပြချင်တာပေါ့နော်။”

မူသန်းဝင်း (ဟန်ပို့ကျေးရွာ၊ ဖယ်ခုံမြို့နယ်)

မူသန်းဝင်း (ဟန်ပို့ကျေးရွာ၊ ဖယ်ခုံမြို့နယ်)
“အရင်အစိုးရကဆိုရင် ကျမတို့ရွာကို ပိုပြီးအလေးပေးသလိုပဲ။ ကျမတို့ရွာကို လမ်းရအောင်လည်း လုပ်ပေးတာပေါ့နော်။ ရွာစာသင်ကျောင်းကိုလည်း ကြည့်ပေးတာပေါ့နော်။ အဲဒီလိုပေါ့နော်။ အခုအစိုးရကိုလည်း အပြစ်ပြောတာလည်း မဟုတ်ပါဘူးနော်။ အခုအစိုးရကျတော့ ဒီရွာကိုတော့ သိပ်အဝင်အထွက်မရှိဘူး ပြောရမှာပေါ့နော်။
ဖွံ့ဖြိုးရေးတွေ လုပ်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေပေါ့နော်။ ကျမတို့ ဒေသကျတော့ ကိုယ်စားလှယ်တွေ ကျတော့ ကယန်းလူမျိုးတွေကို ဖြစ်စေချင်တာပေါ့။ ကျမတို့လူမျိုးနဲ့ ကျမတို့ ဖြစ်စေချင်တယ်။ လာဖြစ်လို့လဲဆို ကိုယ့်ရဲ့ ဒေသ အားနည်းချက်ကို သူတို့ အသိဆုံးပဲပေါ့နော်။ ကျမ အဲ့လို ပုဂ္ဂိုလ်တွေ လိုချင်တယ်။
ရွာအတွက်ဆိုရင်တော့ ကျမတို့ ကိုယ်တိုင် ကြုံနေရတာပေါ့နော်။ ခုလောလောဆယ် ရေလည်း ရှားတယ်။ ရေလည်းမရဘူး၊ မီးလည်း၊ အရင်ဆုံးလိုအပ်တာ မီးပေါ့နော်။ တချို့လူကျ ဆိုလာဝယ်နိုင်တော့ ဆိုလာနဲ့ ထွန်းကြတာပေါ့နော်။ တချို့လူတွေကျ မဝယ်နိုင်တဲ့အခါကျတော့ ဖယောင်းတိုင်မီးနဲ့ကျတော့ မသက်သာဘူးလေ။ ပုံမှန်ဝင်ငွေလည်း မရှိဘူးပေါ့နော်။ သူတို့ လုပ်တဲ့ သီးနှံ၊ ထွက်တဲ့ သီးနှံကျတော့လည်း ဈေးနှုန်းမရှိဘူးပေါ့နော်။ ကျမကတော့ မီးရစချင်တာပေါ့နော်၊ ဒီရွာကို ရေလည်း အဆင်ပြေစေချင်တယ်။”

ခွန်းဘရူးနို (ပီကင်းရွာမ၊ ဖယ်ခုံမြို့နယ်)

ခွန်းဘရူးနို (ပီကင်းရွာမ၊ ဖယ်ခုံမြို့နယ်)
“ ဒီအစိုးရသက်တမ်းက ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ကတိကဝတ်ပေးခဲ့တာတွေ ရှိတာပေါ့နော်။ သို့သော်လည်းပဲ လုပ်ဆောင်ချက်က နှေးကွေးတယ်လို့ ကျနော်မြင်တယ်။ ကျနော်တို့ ပီကင်းမီးရရှိရေး ဆိုလည်း ၃ နှစ် စီမံကိန်းနဲ့လာတယ်။ ခုထိ တစ်စုံတစ်ရာလည်း မပေါ်လာသေးဘူးပေါ့နော်။ ဒီဟာလည်း သူတို့ လုပ်ဆောင်မှုက နှေးကွေးတယ်လို့ ကျနော် သုံးသပ်တာပေါ့နော်။
ဒီကယန်းဒေသမှာ ရှိနေတဲ့ ကျနော်တို့ ဒီသီးနှံအစားထိုးတဲ့ တချို့ကလည်း ထောပတ်ဆိုလည်း သီးနေကြပြီပေါ့နော်။ ခုဒီ လိမ္မော်သီးဆိုလည်း သီးနေကြပြီ။ ခုပြောင်းဈေးပေါ့နော်။ ဈေးကွက်စနစ်တွေ၊ ပြောင်းတွေ၊ မြေပဲတွေ၊ အာလူးတွေ စိုက်နေကြတယ်။ ပြီးတော့ ဝဥတွေပေါ့နော်၊ စိုက်နေခါကျတော့ ဈေးကွက်စနစ်ကို ဖော်ဆောင်ပေးပြီးတော့ နောက်တစ်ချက်က တချို့ရွာတွေက လမ်းပန်းဆက်သွယ်ရေး မကောင်းသေးတဲ့ ရွာတွေလည်း အများကြီး ရှိသေးတယ်။ အဓိက ပညာရေးလည်း ကျနော် လုပ်ခိုင်းစေချင်တာပေါ့နော်။”

စမူအုန်းမြင့် (လအိကျေးရွာ၊ ဖယ်ခုံမြို့နယ်)

စမူအုန်းမြင့် (လအိကျေးရွာ၊ ဖယ်ခုံမြို့နယ်)
“ဘာတွေ ပြောင်းလဲသွားလဲဆိုတော့ လမ်းတွေက ပိုကောင်းတယ်။ လမ်းတစ်မျိုးပဲ ပိုကောင်းတာပေါ့။ ကျန်းမာရေးကတော့ ဆေးရုံတော့ ဆောက်ပေးတယ်။ တော်တော် ကောင်းသွားပါပြီ။ ကျန်းမာရေး ဌာနပေါ့နော်။ ဆေးရုံးလည်း ဆောက်ပေးတယ်။ အဲမျိုးတော့ ထူးခြားတာပေါ့။ ပညာရေးအပိုင်းလည်း တော်တော်တိုးတက်လာ တာပေါ့နော်။ အရင်ကထက် စာရင်။ အရင်တုန်းက အလယ်တန်းပဲပေါ့။ အခုခါကျတော့ အထက်တန်း ဖြစ်သွားပြီ။
ဘယ်ဏ္ဍတွေ လုပ်ပေးဖို့လည်း လမ်း၊ မီးနဲ့ ရေပဲပေါ့။ အဓိက အဲဒါပဲ။ မီးမရတဲ့ အခါကျတော့ ဆိုလာနဲ့ပဲပေါ့။ ဆိုလာနဲ့ ဘက်ထရီခါကျတော့ မိုးတွင်းခါကျတော့ အားမနိုင်ခါကျတော့ မီးလည်း မရဘူးပေါ့။ အဓိက တောင်းဆိုချင်တာက မီး၊ လမ်းနဲ့ ရေပဲပေါ့။”

spot_img
spot_img

Recent posts