spot_img
Sunday, April 2, 2023
spot_img

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ရေသန့်စင်ခြင်းနည်းလမ်းများ

spot_imgspot_imgspot_imgspot_img

လူတွေရဲ့ နေ့စဉ်အသက်တာမှာ အသက်ရှင်နေထိုင်ဖို့အတွက် ရေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ နေ့စဉ်သောက်သုံးတဲ့ရေဟာလည်း ရေကြည်ရေသန့်ဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ် ရမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေကိုသောက်သုံးနိုင်ဖို့အတွက် ကိုယ်တိုင်လည်း နေအိမ်တွေမှာ တွင်းရေ၊ ကန်ရေ၊ ချောင်းရေကို ကျိုချက်သောက်သုံးတာတွေ၊ ကျောက်ချဉ်ကို အသုံးပြုပြီး သန့်စင်တာ ပြုလုပ်နိုင်ပါတယ်။

ယခုလိုမိုးတွင်းကာလမှာ ကရင်နီပြည်နယ်က စစ်ဘေးရှောင် စခန်းတွေမှာ ရေကြည်၊ ရေသန့် ရှိဖို့ ခက်ခဲတာတွေရှိနေမှာပါ။ ရေတွင်း၊ရေကန်၊ ရေထွက်ပေါက်တွေနဲ့ ဝေးတဲ့ နေရာမှာ စစ်ရှောင်နေရသူတွေ၊ မိုးတွင်း ရေကြီးရေလျံတာတွေကြောင့် မသန့်စင်တဲ့ ရေတွေကို သုံးစွဲနေရတဲ့ သူတွေအတွက် ရေသန့်စင်တဲ့ နည်းလမ်းတချို့ ကိုဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သော ပစ္စည်းများ

ရေသန့်ဘူးခွံ
အဝတ်စ
မီးသွေးခဲ
သဲနု
ကျောက်စရစ်ခဲ

ရေသန့်ဘူးခွံကို အနည်းဆုံးရေ ၁ လီတာဝင်ဆန့်တဲ့ ဘူးခွံ အသုံးပြုပါ။ အဝတ်စဟာ သေးငယ်လုံလောက်တဲ့ အဝတ်စအပိုင်းကိုသာ အသုံးပြုရမှာဖြစ်ပါတယ်။ မီးသွေးခဲက ကျောက်မီးသွေးဖြစ်စေ၊ ထင်းမီးသွေးဖြစ်စေ အသုံးပြုနိုင်ပါတယ်။

သဲနုက အိမ်ဆောက်ရာမှာ အသုံးပြုတဲ့ သဲဖြူနုတွေဖြစ်ပြီး ကျောက်ခဲကတော့ လမ်းခင်းတဲ့နေရာမှာ အများအားဖြင့် အသုံးပြုတဲ့ ကျောက်စရစ်ခဲလေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကို အကြိမ်ကြိမ်ဆေးကြောသန့်စင်ပြီး အခြောက်လှန်းထားပါ။

ပြုလုပ်ပုံ အဆင့် – ၁

ရေသန့်ဘူးခွံရဲ့ အောက်ပိုင်းကို ဖြတ်ပြီး ဘူးထိပ်ပိုင်းအဝကို ပြောင်းပြန်မှောက်ပြီး ရေစစ်ရမှာဖြစ်ပါတယ်။ တခြားရေအိုး၊ ပလတ်စတစ်ပုံးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

ပြုလုပ်ပုံ အဆင့် – ၂

ရေသန့်ဘူးခွံရဲ့ အဝကို ပိတ်စအပိုင်းလေးနဲ့ ပိတ်ထားပေးပါ။ ဒါဟာ ရေသန့်စင်တဲ့နေရာမှာ အမှိုက်သရိုက် ပါဝင်မှုနည်းအောင်နဲ့ ရေသန့်စင်ရာမှာ အသုံးပြုတဲ့ ပါဝင်ပစ္စည်း ရေသန့်ထဲ ရောပါမသွားအောင် ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။

ပြုလုပ်ပုံ အဆင့် – ၃

ရေသန့်ဘူးခွံထဲ အခြောက်လှမ်းထားတဲ့ သဲနုလေးကို ပထမဆုံး ဖြည့်ပေးပါ။ အသုံးပြုထားတဲ့ ဘူးခွံရဲ့ သုံးပုံ တစ်ပုံကို ဖြည့်သွင်းလိုက်ပါ။

ပြုလုပ်ပုံ အဆင့် – ၄

ရေသန့်ဘူးခွံထဲ မီသွေးခဲကို အရင်ဆုံး ထည့်ရမှာ ဖြစ်ပါတယ်။ ရေဘူးရဲ့ သုံးပုံ တစ်ပုံစာကို ဖြည့်သွင်းနိုင်ပါတယ်။ ကြီးမားတဲ့ မီးသွေးခဲဖြစ်လျှင် မီးသွေးခဲတွေကိုလည်း ချေမွပြီး အသုံးပြုပါ။

ပြုလုပ်ပုံ အဆင့် – ၅

ကျောက်စရစ်ခဲလေးတွေကို မီးသွေးခဲပေါ်မှာ ထပ်မံဖြည့်သွင်းလိုက်ပါ။ ရေစစ်တဲ့နေရာမှာ ရေလျှံမကျသွားအောင် ရေဖြည့်မယ့် နေရာကို အနည်းငယ် ချန်ထားဖို့ လိုအပ်ပါတယ်။

ရေသန့်ဘူးခွံအဝကို မှောက်လျက်ထားပြီး ရေသန့်စင်ပြီးတဲ့အချိန် ထွက်လာမယ့်ရေကို ခံယူထားဖို့ ခွက် မဟုတ်ရင် ရေပုံးလည်း လိုအပ်ပါတယ်။ ( အိမ်တွင်းပြုလုပ်မယ်ဆိုရင် ရေအိုးစင်ကို အသုံးပြုပြီး ထွက်ကျလာတဲ့ ရေသန့်ကို ခံယူနိုင်ပါတယ်။ )

ရေသန့်ဟာ သဲ၊ ကျောက်၊ မီးသွေးတွေနဲ့ သန့်စင်ထားတာဖြစ်တဲ့အတွက် အမှိုက်သရိုက်တွေ ထပ်ပါလာနိုင်ပြီး သောက်သုံးခြင်းမပြုလုပ်ခင် ရေစစ်နဲ့ နောက်တစ်ကြိမ် စစ်သင့်ပါတယ်။

အသုံးပြုခြင်း အကျိုးကျေးဇူးများ

သံဓာတ်ကင်းစင်ခြင်း

အနံ့အသက် ကင်းစင်ခြင်း

ဘက်တီးရီးယား ပိုးမွှားကင်းစင်ခြင်း

အငံဓာတ်လျှော့ချနိုင်ခြင်း

ရေကြည်လင်ခြင်း

စတဲ့ အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။

ရေရှည်အသုံးပြုမယ့်သူတွေအတွက် ပိတ်စကို သုံးလ တစ်ခါ အနည်းဆုံး လဲလှယ်သင့်ပါတယ်။ အသုံးပြုတာကြာလာရင် ကြည်လင်တဲ့ ရေသန့် မရရှိတော့ပဲ အမှိုက်တွေပိုမို ပါဝင်လာနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ ရေသန့်နဲ့ တစ်ကြိမ်လောင်းချ အသုံးပြုပြီးမှ ရေသန့်ထပ်မံပြုလုပ်ဖို့ကို တိုက်တွန်းပြောဆိုချင်ပါတယ်။

(ကိုးကား – hello sayawon)

spot_imgspot_imgspot_imgspot_img

More from the blog

ရေမသန့်ရှင်းမှုကြောင့်ဖြစ်နိုင်တဲ့ရောဂါများနှင့် ၎င်းတို့ကို ကာကွယ်နိုင်ရန်နည်းလမ်းများ

ကန္တာရဝတီတိုင်း(မ်) နွေရာသီရောက်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်မှာ ခြောက်ကပ်နေပြီး ရေရှားပါးတဲ့ဒေသတွေမှာ ရေမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဟာ တစ်ခြားကူးစက်ရောဂါတွေထက် ပိုမိုဖြစ်နိုင်တယ်လို့ သိရပါတယ်။ နွေရာသီမှာ အပူကိုကာကွယ်နိုင်ဖို့ လိုအပ်သလို၊ ဖြစ်ပေါ်တတ်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် တောတောင်ထဲ ၊ ရေရှားပါးတဲ့ ဒေသမှာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ရည်ရွယ်ပြီး...

စစ်ပွဲကြားက ဆာလောင်မှုနဲ့ ငိုကြွေးသံများ

မူဖလစ်စတာ (ကန္တာရဝတီတိုင်း(မ်)) အာဏာသိမ်း ၂ နှစ်တာ ကာလလွန်လာချိန်မှာ ကရင်နီပြည်ရှိ စစ်ရှောင်ပြည်သူတွေက ငတ်မွတ်တဲ့အခြေနေတစ်ရပ်ရောက်ဖို့ ခြေလှမ်းသာသာလေးပဲလိုနေတော့တာပါ။ စားစရာ ရိက္ခာမလုံလောက်မှုကြောင့် "ထမင်း"တောင်နှပ်မှန်အောင်မစားရသူ ၊ ထမင်းမြိန်အောင်စားဖို့ "ဟင်းချိုရည်"တောင် မသောက်နိုင်တော့သူ ၊ ဟင်းတစ်ပွဲကိုအရသာပြည့်စေတဲ့ " ဆား" ကိုတောင် လိုသလောက် မစားနိုင်တော့သူ စသဖြင့် စစ်ရှောင်စခန်းတစ်ခုမှာ...

မတူကွဲပြားမှုတွေကြားက ရှေ့ဆက်ရမယ့် ကရင်နီစစ်ရှောင်များ

လေးမြာ(ကန္တာရဝတီတိုင်း(မ်)) မြေနီ၊မြေသားလမ်းပေါ်မှာ ဖုန်တွေ အလိမ့်လိမ့်နဲ့…… တခုသော ညနေခင်းမှာ ဒေါ်ငယ်တစ်ယောက် စစ်ရှောင်စခန်းထဲက ဘုရားကျောင်းကနေ လက်ထက်က ပုတီးလေးကိုင်ပြီး ပြန်လာပါတော့တယ်။ သူမက ကက်သလစ်ဘာသာကို ယုံကြည်ကိုးကွယ်သူမို့ ကက်သလစ်ဘာသာဝင်တွေ အတွက် ဘုရားဝတ်ပြုလို့ရအောင် ရည်ရွယ်ဆောက်ထားတဲ့ ဘုရားကျောင်းတဲဆောင်ထဲမှာ ညစဉ်ညတိုင်း သွားရောက် ဝတ်ပြုသူဖြစ်ပါတယ်။ “ဝတ်ပြုဆုတောင်းတဲ့အချိန်မှာခါကျတော့ ဘာကို အဓိကထား ဆုတောင်းလဲဆိုတော့...

စစ်ရှောင်ရင်း “စစ်ပွဲ” နဲ့ ကြုံရသူများ

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) နေရပ်မှာ စစ်ပွဲဖြစ်လို့ ဘေးလွတ်ရာလို့ထင်မဲ့နေရာတွေမှာ တိမ်းရှောင်ကြရင်း “စစ်ပွဲ” နဲ့ နောက်တစ်ကြိမ် ကြုံလို့ ထပ်ဆင့်ပြေးလွှားနေရသူတွေက ဒီးမော့ဆိုမြို့နယ်ထဲက ဒေသခံတွေပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒီးမော့ဆိုမြို့နယ်...