spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ခရီးသွားပြည်သူအချို့ကို စစ်ဆေးခံရပြီး ရိုက်နှက်ခံရမှုများရှိနေ

ကန္တာရဝတီတိုင်း(မ်)

ရန်ကုန်-လွိုင်ကော် လမ်းမကြီးတစ်လျှောက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားပြည်သူအချို့ စစ်ဆေးခံရပြီးနောက် ရိုက်နှက်ခံရမှုတွေ ရှိနေတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ခရီးသွားပြည်သူ တစ်ဦးက ပြောပါတယ်။

“စတွေ့တာတော့ ဖုန်းတွေစစ်တယ် ယောကျာ်းလေးတွေဆိုရင် ပိုပြီးစစ်တာကတော့ PDF လို့ထင်ကြတာပေါ့ဗျား။ အောင်ပန်းမှာစစ်တယ်။ ပြီးတော့ သူတို့ (စစ်ကောင်စီ) ကို ဆန့်ကျင်မိတဲ့ တစ်ခုခုပေါ့ လုပ်မိတယ်။ တစ်ခုခုပေါ့ဗျား သူတို့မျက်လုံးမှာ မင်္သကာဘူးဆိုရင် ကားပေါ်ကနေ အောက်ကိုခေါ်ဆွဲချတယ် ချပြီး အနိုင်ကျင့်တယ် ထိုးတယ်။ အဲ့မျိုးပေါ့ စစ်ကြောရေးကိုပို့မယ် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ အမျိုးမျိုးနဲ့ စွပ်စွဲတယ်ပေါ့နော။” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ခရီးသွားပြည်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောကြားပါတယ်။

အဓိက ဖုန်းနဲ့ နိုင်ငံသားစီစစ်ရေး ကဒ်ပြား ( မှတ်ပုံတင်) ကိုစစ်ဆေးပြီး ဖုန်းထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဓတ်ပုံ၊ သပိတ်အတွင်းပါဝင်လုပ်ရှားတဲ့ပုံ၊ ပြောက်ကျားဝတ်စုံဝတ်ဆင်ထားတဲ့ပုံ၊ သေနတ်ကိုင်ထားတဲ့ပုံ၊ ဆိုရှယ်မီဒီယာရှဲထားတဲ့ ပိုစ့်(Post) တွေ့ရှိပါက စစ်ဆေးခံပြီး ဖမ်းဆီးခံရတာရှိနိုင်တယ်လို့ အဆိုပါ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

ဖမ်းဆီးရိုက်နှက်ခံရတဲ့ထဲ ဖယ်ခုံမြို့မှ မိန်းကလေးငယ် နှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ခရီးသွားလိုင်းကားအပါအဝင် အိမ်စီးကားလည်း စစ်ဆေးခံရပြီး လွိုင်ကော်ကို ပြန်ဝင်မယ့်ကားတွေကို အဓိကထား စစ်ဆေးတယ်လို့ ခရီးသွားပြည်သူတွေက ဆိုပါတယ်။

ဆန်၊ အဝတ်အထည်၊ အိမ် အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး သယ်ဆောင်လာတဲ့ ကားတွေကို ပိုပြီး စစ်ဆေးတယ်လို့ သိရပါတယ်။

“ကြောက်တာတော့ ရှယ်ကြောက်တာပေါ့ဗျား။ ကိုယ့်မှာလက်နက်မှမရှိတာ သူတို့က လက်နက်ရှိတယ်ဆိုပြီးတော့ ပြည်သူကို ခြိမ်းခြောက်တာပါ။”လို့ အဆိုပါ မျက်မြင်တွေ့ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်အချို့မှာ ခရီးသွားပြည်သူထဲက မင်္သကာတဲ့အမျိုးသားတွေကို အင်္ကျီချွတ်စစ်ဆေးတာ၊ တက်တူးထိုးတာရှိမရှိ စစ်ဆေးတာ၊ ဓတ်ပုံရိုက် မှတ်တမ်းယူတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့မှ နယ်ခြားကို သွားတဲ့လမ်းတစ်လျှောက်မှာ လွိုင်ကော်မြို့တွင်း ခလရ ၂၆၁တပ်ရင်းရှေ့၊ မိုးဗြဲအခြေစိုက် ခမရ ၄၂၂တပ်ရင်းရှေ့၊ ဖယ်ခုံဂိတ်၊ ဆောင်းပြောင်းဂိတ်၊ ပင်လောင်းဂိတ်၊ အောင်ပန်း စတဲ့နေရာတွေမှာ စစ်ကောင်စီဖက်မှ စစ်ဆေးရေးဂိတ်တွေကို ထားရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူဦးရေ နှစ်သိန်းနီးပါးရှိနေပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၊ တောင်ကြီးမြို့၊ အင်းလေး စတဲ့နေရာတွေမှာ သွားရောက်ခိုလှုံတဲ့သူတွေလည်း ရှိပါတယ်။

စစ်ဘေးရှောင်ကူညီသူတွေလည်း ခရီးသွားလာရင်း ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။

ယခင် တခြားပြည်နယ်သို့ စစ်ရှောင်ကြရသော ကရင်နီပြည်သူများ (ဓါတ်ပုံ – CJ)
ယခင် တခြားပြည်နယ်သို့ စစ်ရှောင်ကြရသော ကရင်နီပြည်သူများ (ဓါတ်ပုံ – CJ)
ယခင် တခြားပြည်နယ်သို့ စစ်ရှောင်ကြရသော ကရင်နီပြည်သူများ (ဓါတ်ပုံ – CJ)
ယခင် တခြားပြည်နယ်သို့ စစ်ရှောင်ကြရသော ကရင်နီပြည်သူများ (ဓါတ်ပုံ – CJ)
ယခင် တခြားပြည်နယ်သို့ စစ်ရှောင်ကြရသော ကရင်နီပြည်သူများ (ဓါတ်ပုံ – CJ)
spot_img
spot_img