spot_imgspot_imgspot_imgspot_img
Thursday, July 17, 2025
spot_imgspot_imgspot_imgspot_img

စစ်တပ်စခန်းမြေ ကို ပြန်လည်တောင်းခံသည့် ဒေသခံ အချို့ကို တပ်မှ ခေါ်ယူတွေ့ဆုံ

Author

Date

Category

စူးမယ်

ဒီးမော့ဆိုမြို့နယ် ငုပလော့ ရပ်ကွက်အတွင်း ရှိ စစ်တပ် စခန်း တည်ထားသောမြေကို ဒေသခံများက ပြန်လည်တောင်းဆိုခဲ့ကြပြီးနောက်တွင် တောင်းဆိုခဲ့သည့် ဒေသခံများထဲမှ တချို့ကို စစ်တပ်မှ ခေါ်ယူတွေ့ဆုံခဲ့သည်။

ဒီဇင်ဘာ ၁ရ ရက်နေ့က ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ မြေပိုင်ရှင် ရ ဦးကို ခမရ ( ၄၂၇) မှ ခေါ်တွေ့ပြီး နယ်မြေအေးချမ်းလာသည့်အချိန်တွင် ဧရိယာအလိုက် မြေများပြန်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ငုပလော့ရပ်ကွက်ရာအိမ်မှူး ဦးအယ်ရိကိုက ပြောသည်။

ဦးအယ်ရိကိုက “တကယ်လို့များ တောက်လျှောက် တစ်သက်လုံး နယ်မြေမအေးချမ်းဘူးဆိုလို့ရှိရင် တစ်သက်လုံးပဲ ဒီလိုပဲ နေလာရမလားဆိုပြီးတော့ မေးလိုက်တယ်။ သူလည်း မဖြေနိုင်ဘူးလေနော် အဲတော့ ကျနော်တို့လည်း ပြန်လည်ပြီးတော့ ရရှိဖို့အတွက်တော့ ကြိုးစားရမှာပဲ”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်က နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ခမရ ၄၂ရ တပ်ရင်းမှ ငုပလော့ရပ်ကွက်အတွင်းရှိ ဒေသခံများ၏ လုံခြုံရေး တပ်စခန်းကို လာရောက်ချထားခဲ့ခြင်းဖြစ်ပြီး ဒေသခံများက အဆိုပါမြေကို ပြန်လည်လိုချင်နေကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် နယ်မြေဒေသအေးချမ်းလာပြီဖြစ်သောကြောင့် ဒေသခံများက ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒ.က.စ)နှင့် ကယားပြည်နယ်လွတ်တော်ဥက္ကဌထံသို့ နိုဝင်ဘာလ(၁၇) ရက်နေ့ကတည်းက စာတင်တောင်းဆိုထားခဲ့သည်။

‘’ကျနော်တို့ လူထုအနေနဲ့လည်း တိုးတက်လာနေပြီကော၊ တပ်စခန်းမှာရှိတဲ့ မြေကွက်တွေကလည်း မုဆိုးမတွေရှိသလို သားသမီးတွေကို ခွဲရမယ့် အိမ်ထောင်စုတွေလည်း အများကြီးရှိတယ်လေ။ ရှိတဲ့ခါကျတော့ ကိုယ့်ဦးပိုင်နဲ့ ပြန်ပြီးတော့မှ လိုချင်တယ်။” ဟု ဦးအယ်ရိကို က ဆိုသည်။

တပ်ဧရိယာတွင် မြေနေရာပါသွားခဲ့သည့် ဒေါ်ရိုဖီးနာက “အရင်တုန်းက ရွာဟောင်းမှာနေတယ် တောမှာနေတယ်။ နောက် ဒီခြံကွက်လာဝယ်တာနဲ့ အိမ်လာဆောက်မလို့ဆို စစ်သားတွေ လာဆောက်တယ်ကော။ စစ်တပ်တွေ လာဆောက်လိုက်တော့ မဆောက်ဖြစ်တော့ဘူး။”ဟု ပြောသည်။

လက်ရှိအချိန်တွင် တပ်စခန်း၌ အစောင့် စစ်သား၂ ဦးမှလွဲ၍ ကျန်တပ်သားများ လာရောက် နေထိုင်မှုများမရှိတော့သော်လည်း စစ်တပ်အနေဖြင့် မြေများပြန်ပေးနိုင်ရန် စဉ်းစားနေဆဲ အခြေအနေတွင်ပင် ရှိသေးသည်။

spot_img

Recent posts