spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကိုအပြင်းအထန် ခုခံနေရတဲ့ ကရင်နီက တော်လှန်ရေးအင်အားစုများ လက်နက်၊ ခဲယမ်း လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကြောင်းထိုး ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို အပြင်းအထန် ခုခံတွန်းလှန်နေရတဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေဟာ လက်နက်ခဲယမ်းဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် ကူညီကြဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဥက္ကဌ ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်)နဲ့ တွေ့ဆုံမေးမြန်းစဉ်က ပြောကြားသွားပါတယ်။

“ကျနော်တို့ကရင်နီပြည်နယ်ရဲ့ တော်လှန်ရေးသတင်းကို ကြားတဲ့သူအားလုံးကနေပြီး အားလုံးသိပြီးသားပေါ့နော။ ကျနော်တို့ရဲ့လက်နက်ခဲယမ်း လိုအပ်ချက်ကို ဖြည့်တင်းဖို့ အင်မတန်လိုအပ်တယ်ပေါ့နော။ ကျနော်တို့ ဒီရက်ပိုင်းမှာ ရန်သူဆီကနေ အလောင်းတွေရသလို တချို့လက်နက်တွေလည်းရရှိပါတယ်။ သို့သော် ကျနော်တို့ဖက်မှာလည်း ပျက်စီးသွားတဲ့လက်နက်တွေရှိပါတယ်ပေါ့နော ပြီးတော့ အရေးကြီး လက်နက်ကြီးစထိလို့ ပျက်သွားတဲ့လက်နက်တွေပေါ့နော။ အရေးကြီးတဲ့လက်နက်တချို့ မလုံလောက်တဲ့ဟာရှိတယ်ပေါ့နော အထူးသဖြင့် ကျည်ဆံပေါ့။ ကျည်ဆံကို ပြန်ဖြည့်တင်းဖို့ လိုအပ်တယ်ပေါ့နော။ အထူးသဖြင့် ဒီဟာကို ကူညီကြဖို့ လိုအပ်တယ်ပေါ့နော။ “ လို့ ခွန်းဘီထူးက ပြောပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို မတ်လ ၉ ရက်နေ့ကစ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF၊ PDF တပ်ပေါင်းစုတို့ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀နဲ့ အထက် အသုံးပြုတိုက်ခိုက်မှုကြောင့်လည်း ဒေသခံနေအိမ် ပျက်စီးမှုတွေလည်း ရှိနေပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၂၀ဦးကနေ ၃၀ ဦးထိ သေဆုံးမှုရှိနေနိုင်ပြီး တော်လှန်ရေးအင်အားစုဖက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသက ထိတွေ့တိုက်ပွဲတွေမှာလည်း စစ်ကောင်စီသေဆုံးမှု ၁၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

ထိုးစစ်ဆင်မှုတွေ ရှည်ကြာလာတာနဲ့အမျှ လက်နက်ခဲယမ်းတွေလည်း အခက်အခဲ ရှိလာတယ်လို့ ခွန်းဘီထူးက ဆက်ပြောပါတယ်။ ဒါကြောင့်လည်း တော်လှန်ရင်းအင်အားစုက တပ်ရင်းအလိုက် ရန်ပုံငွေရှာဖွေသူတွေဟာ ပြည်တွင်းပြည်ပ အလှူရှင်တွေကို မှီခိုအားထားနေကြရတယ်လို့ သိရပါတယ်။

“ဒေသအဖွဲ့ အားလုံးကို ညီညွတ်အောင်ရယ် အားပေးစကားရယ် အများကြီးလိုအပ်ပါတယ်ပေါ့။ ရဲဘော်တွေကော လူထုတွေကော ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမျိုး ကြုံနေရတဲ့အခြေနေမျိုးမှာ လူတွေက စိတ်ပျက်အားငယ်တတ်တယ်ပေါ့နော။ အဲ့လိုမျိုးမဖြစ်အောင် ကျနော်တို့အချင်းချင်းဝိုင်းဝန်းအားပေးဖို့ လိုတယ်ပေါ့နော။ ကိုယ့်ရဲ့ ဖေ့ဘွတ်ပေ့ချ်ကနေသော်လည်းကောင်း ကိုယ်နိုင်တဲ့အလှူငွေလေးဖြစ်ဖြစ်ပေါ့ ဒါတွေကို ပါဝင် လှူဒါန်းကူညီပေးလို့ရပါတယ်။”လို့ ခွန်းဘီထူးက ဆက်ပြောပါတယ်။

လွိုင်ကော်- ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲမြို့လမ်းမကြီးကို စစ်ကောင်စီက ထိန်းချုပ်လိုပြီး လူထုတွေကို ရပ်ရွာထဲနေထိုင်လို့မရအောင် လက်နက်ကြီးနေ့စဉ်ရက်ဆက်ပစ်ခတ်တာ၊ လေကြောင်းအသုံးပြုတိုက်ခိုက်နေတာကြောင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ဒေသခံအပါအဝင် စစ်ရှောင် နှစ်သောင်းကျော်ဟာ ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

spot_img
spot_img

Recent posts