စစ်ကောင်စီထုတ်ကုန်တွေကို မိုးဗြဲ PDF စစ်ဆေး ဖျက်စီး

0
5388

ကန္တာရဝတီတိုင်း( မ် )

မိုးဗြဲမြို့အတွင်းမှာရှိတဲ့ ကျေးရွာ၊ ရပ်ကွက်တွေကို စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စစ်တပ်ထုတ်ကုန်တွေကို တွေ့ရှိခဲ့တဲ့အတွက် ဖျက်စီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ မိုးဗြဲ PDFက ယမန်နေ့ မေလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ Dagon အနီ/အ၀ါ/အစိမ်း၊ မုယော ၄၅ဖာ၊ Army Rum ၇ ဖာ၊ Red Ruby ၂ကတ်၊ Premium gold ၈ဘူး၊ Myanmar rum ပိုင်း ၁၆ လုံး၊ Myanmar Beer ပုလင်း ၁ကတ်၊ Adman gold ၆ဖာ ကို ဖျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးဗြဲ PDF ဟာ ဧပြီလ(၂၁)ရက်နေ့မှာ စစ်ကောင်စီထုတ်ကုန်တွေကို ရောင်းချခြင်းမပြုကြဖို့ Facebook page ပေါ်မှာ ထုတ်ပြန်ခဲ့ပြီး ဧပြီလ (၂၆) ရက်နေ့မှာတော့ စျေးဆိုင်များ၊ ကုန်စုံဆိုင်များကို လိုက်လံသတိပေး ကြေငြာစာ ကပ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မိုးဗြဲ PDF နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-03 တို့ ပူးပေါင်းပြီး မိုးဗြဲမြို့အတွင်း စစ်ကောင်စီထုတ်ကုန်တွေကို ရောင်းချခြင်းရှိ၊ မရှိ နေ့စဉ် စစ်ဆေးနေပြီး ရောင်းချခြင်း မပြုကြဖို့ ထပ်မံတိုက်တွန်းထားပါတယ်။