စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ပစ္စည်းသယ်ဆောင်လာသော ကားကို စစ်ဆေးတွေ့ရှိ

0
5471

ထွေးရယ် ကန္တရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက် ခြမ်းတနေရာမှာ စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ အသုံးအဆောင်ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ယာဉ်တစ်စီးကို ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဘောလခဲမြို့ကနေ မောင်းနှင်လာတဲ့ မော်တော်ယဉ် ထဲမှာ ဒုရဲအုပ် အောင်ဇော်လင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရှိခဲ့တဲ့အပြင် ပစ္စည်းအပြင်ကို တပ်ကြပ်ကြီးရဲ့ ယူနီဖောင်း ၊ ရုံးသုံးပစ္စည်းဖစ်တဲ့ computer ၊ printer ၊ဗီဒို စရှိတဲ့ စရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေလည်း ပါ​တယ်လို့ ကရင်နီဒေသခံကာကွယ်ရေးအဖွဲ့တစ်ခု စစ်ဆေးရေးဂိတ် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ရက်ရွေ့ပြောင်းပေါ့။သူရဲ့တာဝန် ရာထူးတိုးနဲ့ ထပ်ပြောင်းရမာပေါ့။ ဘော်လခဲ့ကနေပြောင်းရမှာ။ ဂိတ်မာတင်ပေးရင် ကားသမားတွေက တင်ပေးမာမဟုတ်ဘူး။ အဲ့တော့ သူကပြည်သူတွေကို ဟိုဘက်ကနေ တင်လာခိုင်းမယ်။ ဘော်လခဲကနေ တင်လာခိုင်းမယ်။ ဘော်လခဲ ဘုရားကျောင်း ရှမ်းပိုင်းကနေ တင်လာခိုင်းပီးတော့မှ လွိုင်ကော်ရဲစခန်းမာ လာချပေး။ ပြီးတော့မှ သူတို့ပြန်မယ်။ သူကတော့ လေယဥ်နဲ့ ပြန်မယ်ပေါ့” “လို့  စစ်ဆေးရေးဂိတ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ယဥ်တန်းကို မောင်းနင်လာတဲ့ ပြည်သူတစ်ယောက်ကိုတော့ လူသားချင်းစာနာထောက်ထားမှုအနေနဲ့ နောက်ဒါမျိုးမလုပ်ဖို့ သတိပေးပြီး ပြန်လွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။