စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ အမြစ်ပြတ် တိုက်ဖျက်ရေးကို လက်ကိုင်ပြီး တိုက်ပွဲဝင်သွားဖို့ KSWN ထုတ်ပြန်

0
659

ကရင်နီပြည်အမျိုးသမီးများကွန်ယက် ( KSWN ) က လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ သဘောထားထုတ်ပြန်စာထုတ်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ အာဏာသိမ်းယူမှုကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ အမြစ်ပြတ် တိုက်ဖျက်ရေးကို လက်ကိုင်ပြီး တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းထားပါတယ်။

တပ်မတော်က အာဏာသိမ်းယူမှုကို အမြန်ဆုံး ပြန်လည်ရုတ်သိမ်းပေးဖို့၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်နဲ့ တက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စတာတွေလည်းပါရှိပါတယ်။