spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနေ

Author

Date

Category

မူအက်စတာ

ဒီးမော့ဆိုမြို့နယ် ပါဒေါဒူကျေးရွာအနီး သဲတောင်တဝိုက်တွင် လွိုင်ကော်မှ သယ်ဆောင်လာသော အမှိုက်များ၊ ဒီးမော့ဆိုမြို့ပေါ်မှ ရောက်ရှိလာသော အမှိုက်များသည် ၎င်းတို့ကျေးရွာအနီး လဟာပြင်တွင် စည်းကမ်းမဲ့ လာရောက်စွန့်ပစ်ထားကြကြောင်း သိရသည်။

“ဒီးမော့ဆိုမြို့နယ် သဲတောင်ပတ်ဝန်းကျင်တစ်ဝိုက်မှာ လွိုင်ကော်ကနေလာတဲ့ အမှိုက်ကား၊ ဒီးမော့ဆိုကနေ သွားတဲ့ အမှိုက်ကားတွေ လာပြီးစွန့်ပစ်ထားတာကို တွေ့ရတယ်၊ အဲ့ဒီအမှိုက်တွေက များလွန်းတော့ ပြည်သူတွေအတွက် အန္တရာယ်၊ တိရိစာ္ဆန်တွေအတွက် အန္တရာယ်ရှိစေနိုင်တယ်၊ ကျန်းမာရေးအတွက်လည်း ထိခိုက်စေနိုင်ပါတယ်” ဟု ပါဒေါဒူကျေးရွာမှ ဦးလှချေး အယ်လ်ဖောင်ရှိုက ကန္တရဝတီတိုင်းမ်သို့ ပြောသည်။

၎င်းအမှိုက်ပုံသည် လဟာပြင်တွင်သာ ရှိနေသည့်အတွက်ကြောင့် နွေရာသီတွင် လေတိုက်ချိန်တွင် ကျေးရွာတွင်းသို့ဝဲပျံလာသည်။ ထို့အပြင် မိုးရာသီတွင် တောင်ကျရေနှင့်အတူ တောင်ပေါ်မှ တောင်အောက်ရှိကျေးရွာသို့ လိုက်ပါလာသည်။

အမှိုက်ပုံပေါ်တွင်လည်း တိရိစာ္ဆန်များ လာရောက်ပြီး ရှာဖွေစားသောက်နေပါသည်။ ၎င်း အမှိုက်စွန့်ပစ်သည့် နေရာသည် လူနေထိုင်မှု ဝေးသော်လည်း မိုးရွာလျှင် ၎င်းအမှိုက်များသည် မိုးရေနှင့်အတူ တမြို့လုံး သောက်သုံးရေ အသုံးပြုသည့် ငွေတောင်ဆည်နှင့် ငူးပလော့ဆည် အတွင်းသို့လည်း စီးဝင်ပါသည်။

“မိုးရွာပြီးရင်​ အဲ့မိုး​ရေ​တွေက မြင်​့ရာက​နေနိမ်​့ရာကို စီးတာ​ကော၊ အဲ့ဒါ​ကြောင်​့ အဲ့အမှိုက်​​တွေက ငူးပ​လော့ဆည်​နဲ့ ​ငွေ​တောင်​ဆည်​ထဲကို စီးဝင်​တယ်​၊ ​ငွေ​တောင်​ဆည်​ထဲကို စီးဝင်​တဲ့​အ​ပေါက်​ကို ပိတ်​လိုက်​တဲ့အတွက်​​ကြောင်​့ ငူးပ​လော့ဆည်​ထဲပဲ သူသွား​တော့တယ်​ ” ဟု ရူးဖယ်​ခူရပ်​ကွက်​မှ ဦးရှားရယ်​က​ပြောပါသည်​။

စည်ပင်သာယာမှ ၎င်းတို့လာရောက်စွန့်ပစ်သည့်အမှိုက်များကို ဘောင်ခတ်ခြင်း၊ ကျင်းတူးခြင်းများ ပြုလုပ်ကာ စွန့်ပစ်စေလိုပါသည်။ ထို့အပြင် တခြား သဲတင်ကားများသည်လည်း အမှိုက်များကို လာရောက်စွန့်ပစ်နေသည်ဟုသိရသည်။

အမှိုက်များ သိုလှောင်ရန် စီစဉ်လျှက်ရှိသော အဖွဲ့အစည်းအချို့သည်လည်း ကျင်းမတူး၊ ဘောင်မခတ်ဘဲ၊ အနီးပတ်ဝန်းကျင်ရှိ ရွာများနှင့် တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ မိမိတို့ဆန္ဒအလျှောက် အစီအစဉ်ရေးဆွဲနေသည်ကို အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လုံးဝကန့်ကွက်ကြောင်း အသိပေးလိုပါသည် ဟု ဦးလှချေးက ဆက်ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာမှ ၎င်းတို့အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာသို့ အမှိုက်များလာရောက်စွန့်ပစ်သည်ကို စနစ်တကျစွန့်ပစ်စေလိုကြောင်း ပြောပါသည်။

၂၀၁၅ခုနှစ်တွင် စည်ပင်သာယာရေးဌာနမှ အမှိုက်ကားများဖြင့် ၎င်းတို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ကျေးရွာများသို့ အမှိုက်များလိုက်လံ သိမ်းဆည်းခဲ့သည်။

၎င်းတို့ သိမ်းဆည်းခဲ့သည့် အမှိုက်များကို သဲတောင်ရှိ ချိုင့်အတွင်းတွင် သွားရောက်စွန့်ပစ်ရန် နေရာလျာထားကြောင်း သိခဲ့ရသည်။

spot_img
spot_img

Recent posts