spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စတုတ္ထတန်းတက်မည့် ကလေးတွေကို ပညာရေးစနစ်အသစ် သင်ကြားပေးနိုင်ဖို့ စတင်ပြင်ဆင်နေ

Author

Date

Category

အန်ထော်နီ

၂၀၂၀-၂၀၂၁ ပညာရေးနှစ်မှာ မူလတန်းအဆင့် စတုတ္ထတန်းတက်မည့် ကလေးတွေကိုစနစ်သစ်ပညာရေးဖြင့် သင်ကြားနိုင်ဖို့ မူလတန်းဆရာ/မ တွေကိုသင်တန်းတွေ စတင်ပို့ချပေးလျက်ရှိတယ်လို့ သိရပါတယ်။

“ အခုကျနော်တို့ဆွေးနွေးပွဲသင်တန်းက မူလတန်းအဆင့်ပေါ့နော်။ အထက်တန်းကျောင်းတွေဖွင့်ပြီးရင် ကျနော်တို့မူလတန်းတွေပြန်ဖွင့်ကျရင် ဆရာ/မ တွေ အဆင့်သင့်ဖြစ်အောင်ဆို အခုကျနောတို့ကဒီစနစ်သစ်ပညာဖြစ်တဲ့ စတုတ္ထတန်းကိုကျောင်းဖွင့်အမီပေါ့နော် အဆင်သင့်ဖြစ်အောင် သူတို့ကိုထပ်ဆင့်ပြီးတော့ သင်တန်းပေးတာဖြစ်ပါတယ်” လို့ သင်တန်းနည်းပြ (ဒေါဘူးငံရယ်ကျေးရွာမူလတန်းကျောင်းအုပ်) ဦးဝီဇင်းရှို ကပြောပါတယ်။

သင်တန်းတွင် ဘာသာရပ်စုစုပေါင်း (၁၀) ဘာသာလောက်ရှိတယ်လို့သိပါတယ်။

ကျောင်းပြန်ဖွင့်ချိန်တွင် ပညာရေးစနစ်သစ်ဖြင့်သင်ကြားပေးမှာဖြစ်ပြီး စနစ်သစ်က စနစ်ဟောင်းထက်ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

“ ကလေးတွေဒီစနစ်သစ်ကိုအသုံးပြုလိုက်ခြင်းကြောင့် ကလေးတွေကသူတို့ရဲ့လက်တွေ့ဘဝမှာ တစ်ကယ်အသုံးချနိုင်တယ်။ အဲ့ကြောင့်မို့လို့ စနစ်သစ်နှင့် စနစ်ဟောင်းကအရမ်းကိုကွာတယ်ပေါ့နော်။ စနစ်ဟောင်းကဆရာလုပ်တဲ့အတိုင်းသူတို့လိုက်လုပ်နေရတယ်။ အဲ့လိုပေါ့ အခုစနစ်သစ်ကျတော့ သူတို့အတွေးအခေါ်ကအစသူတို့ကိုယ်တိုင်လုပ်ရတဲ့အတွက်ကြောင့် သူတို့ဘဝမှာသူတို့ပြန်လည်အသုံးချနိုင်တဲ့အတွက်ကြောင့် စနစ်သစ်ကပိုကောင်းတယ်လို့ထင်တယ်” လို့ သင်တန်းသူ ( ဒေါဝဲကူးအခြေခံမူလတန်းကျောင်းမူပြဆရာမ) ဒေါ် ဂျဲနီဖာကပြောပါတယ်။

ကျောင်းသူကျောင်းသားတွေဟာဆိုရင် မိမိတို့ဘဝလက်တွေ့ ပြန်လည်အသုံးချနိုင်ဖို့အတွက် စနစ်သစ်ကိုပြောင်းလဲသင်ကြားမည်ဖြစ်ပြီးအထူးသဖြင့် ဘက်စုံဖွံ့ဖြိုးရေးနှင့် ၂၁ ရာစုစိန်ခေါ်မှုကို အဓိကထားသင်ကြားမည်ဖြစ်တယ်လို့သိရပါတယ်။

ကျောင်းသူကျောင်းသားများနည်းစနစ်သစ်တွင် ကောင်းစွာသင်ယူနိုင်ရန်အတွက် ဆရာ/မ များစေတနာဖြင့် စိတ်ရှည်စွာသင်ကြားပေးခြင်းနှင့် ကျောင်းသူကျောင်းသားများတက်ကြွစွာပါဝင်မည်ဆိုပါကအလွန်ကောင်းမွန်သောပညာရေးစနစ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

ဆရာ/မ များကလည်းကလေးများအပေါ်စေတနာထားပြီး အပင်ပန်းခံသင်ကြားသွားပေးမယ်လို့ဆိုပါတယ်။

“ ကျနောတို့ကနိုင်ငံ့ဝန်ထမ်းတွေလေးနိုင်ငံတော်ကချမှတ်ထားတဲ့အတိုင်းတော့ ကျနောတို့လုပ်ဆောင်ရမှာဖြစ်ပါတယ် ဘာလို့လဲဆိုရင် နှစ်တုတ်ဘယ်လောက်ပဲခွဲခွဲနှစ်တုတ်ဘယ်လောက်ပဲတက်တက် အခုကျန်းမာရေးဌာနတွေလည်းရှေ့တမ်းကနေလုပ်ဆောင်နေတော့ ကျနော်တို့ ပညာရေးဌာနကလည်းလုပ်ဆောင်နိုင်ရမှာပေါ့နော် နှစ်သုတ်ပဲတက်တက် သုံးသုတ်ပဲတက်တက် အတတ်နိုင်ဆုံးတော့ ကြိုးစားမှာပေါ့” လို့ သင်တန်းသား ( ဒေါးဘူးငံရယ် အခြေခံမူလတန်းကျောင်းမူပြ) ဦးဝင်းသိန်းကပြောပါတယ်။

COVID ကာလဖြစ်သည့်အတွက် ကျောင်းသား/သူများကိုအသုတ်ခွဲပြီးသင်ကြားရမှာ ဖြစ်ပြီးတစ်ခန်းလျှင် ကျောင်းသား/သူ ၂၀ နှုန်းဖြင့်သင်ကြားပေးမှာဖြစ်ပါတယ်။

ဆရာ/မ များအနေဖြင့် ထိုအပေါ်တွင် အခက်အခဲမရှိဘူးလို့ဆိုပါတယ်။

ယခုလက်ရှိဖွင့်နေသောသင်တန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

ကယားပြည်နယ် ဒီမေားဆိုမြို့တွင် Training Center ၃ နေရာရှိပြီးသင်တန်းသူ/သားစုစုပေါင်း ၆၀၀ ဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်။

လက်ရှိသင်တန်းအတွင်းမှာလည်းCOVID ရောဂါကိုကြိုတင်ကာကွယ်တဲ့အနေဖြင့် အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနတွေရဲ့ ညွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ထားရှိတယ်လို့ ဆိုပါတယ်။

ကျောင်းပြန်ဖွင့်ချိန်သည် COVIDကာလဖြစ်သည့်အတွက် ကျောင်းသူကျောင်းသားတွေ COVIDရောဂါကင်းရှင်းဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေဖြင့် လက်ဆေးရေနှင့်ဆပ်ပြာတွေ၊ Masksတွေ ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေဖို့ လူစုခွဲပြီးသင်ကြားပေးနိုင်ဖို့အတွက် ကျောင်းသားမိဘတွေ တိုင်ပင်ဆွေးနွေးထားတယ်လို့ဆိုပါတယ်။

အစိုးရ၏ညွှန်ကြားချက်အတိုင်း ဇူလိုင်လ၁၃ ရက်နေ့သည် အထက်တန်းကျောင်းသားများအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်ပြီး ဇူလိုင်လ၂၁ ရက်နေ့မှာအထက်တန်းမှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ်မည် လို့သိရပါတယ်။

အထက်တန်းများဖွင့်ပြီးတစ်ပတ်ကြာလျှင် အလယ်တန်းကျောင်းများ၏ ကျောင်းအပ်နံှရေး သီတင်းပတ်လုပ်ပြီး အလယ်တန်းများဖွင့်ပါမယ်လို့ သိရပါတယ်။

အဆင်ပြေမည်ဆိုပါကမူလတန်းများကို သြဂုတ်လပထမပတ်နှင့်ဒုတိယပတ်လောက်တွင် ဆက်လက်ဖွင့်သွားမယ်လို့ ဦးဝီဇင်းရှိုကဆက်လက်ပြောပြခဲ့ပါတယ်။

spot_img
spot_img

Recent posts