spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တစ်နှစ်ကျော်အထိ အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့​ မော်ချီးဒေသမှာ ဆက်သွယ်ရေးအခက်အခဲကြုံတွေ့နေရဆဲ



ကန္တာရဝတီတိုင်း(မ်)

ဖားဆောင်းမြို့ မော်ချီးဒေသမှာ ဖုန်းလိုင်းအင်တာနက်လိုင်းပြတ်တောက်တာ တစ်နှစ်ကျော်ရှိနေပြီး ခုလို ဆက်သွယ်ရေးပြတ်တောက်မှုကြုံတွေ့နေရတာဟာ လူအခွင့်အရေးဆုံးရှုံးသလို ခံစားရစေတယ် လို့ဒေသခံလူငယ်တစ်ဦးက ခုလိုပြောပါတယ်။

“အင်တာနက်မပြတ်ခင်တော့အဆင်ပြေသေးတယ်။ ဒီ အွန်လိုင်းပေါ်မှာသင်တန်းတွေကစ တစ်ခုခုကိုယ်လိုအပ်တဲ့ဟာတွေကို ကျွန်တော်တို့အလွယ်တကူ ရှာဖွေလို့ရတယ်။ ပြီးအဆက်အသွယ်ကစ ကိုယ့်မိတ်ဆွေအပေါင်းအသင်း လုပ်ငန်းပိုင်းဆိုင်ရာတွေကစ အများကြီးအဆင်ပြေခဲ့တယ်။ ကျွန်တော်တို့အင်တာနက်လိုင်းကို တွင်တွင်ကျယ်ကျယ်နဲ့ လိုအပ်တဲ့နေရာမှာအများကြီးအသုံးပြုလို့ရတယ်။ အခု အင်တာနက် နိုင်ငံရေးဖြစ်ပြီးတဲ့နောက်ပိုင်း အင်တာနက်လိုင်းပြတ်တောက်သွားပြီးတဲ့နောက်ပိုင်း လူငယ်တစ်ယောက်အနေနဲ့ အင်တာနက်လိုင်းကိုပြတ်တောက်ခံရတဲ့အတွက် လူအခွင့်အရေးတွေဆုံးရှုံးရသလိုကျွန်တော် တို့ခံစားရတယ်” လို့ မော်ချီးဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် အလုပ်တွေ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ အများကြီးရှိခဲ့တယ်လို့ အွန်လိုင်းဈေးအရောင်းအဝယ်လုပ်တဲ့ ဒေသခံလူငယ်အမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။

”  အရင်တုန်းကကျတော့ ဒီမှာခါကျတော့ မော်ချီးကျတော့ လိုင်းကောင်းတယ် ဘယ်နားဖြစ်ဖြစ် လိုင်းသုံးလို့ရတဲ့အတွက် အဲ့မျိုးပေါ့နော်။ ကိုယ်ပစ္စည်း အဲ့တစ်ခုကိုရထားတော့ ကိုယ် လိုင်းပေါ်တက်တယ်ဆိုရင် ဘယ်သူဘယ်သူမြင်တယ်‌ပေါ့ အိမ်ထိသွားရောင်းစရာမလိုပဲ သိတယ်ကွာ။ ပြီးတော့ဒီနားတင်မဟုတ်ဖူး ဟို့အခြားမြို့ကလူတွေလဲသိတယ် အဲ့မျိုးရောင်းရတာအဆင်ပြေတာပေါ့။ လိုင်းပြတ်ပြတ်ချင်းဆိုရင် ပစ္စည်းတွေအများကြီးခံတယ်။ တချို့ဆိုမှာထားတာရှိတယ် လိုင်းကပြတ်သွားတော့ ဘယ်လိုမျိုးပြောမလဲ ပစ္စည်းမှာထားတဲ့သူတွေအတွက်လဲ အဆင်မပြေဘူး။ ပြီးရောင်းတဲ့သူတွေအတွက်လဲအဆင်မပြေဘူး အလုပ်တွေလဲ ထိခိုက်နစ်တာ ဆုံးရှုံးမှုတော့အများကြီး ရှိတာပေါ့” လို့ ဆိုပါတယ်။

အွန်လိုင်းဈေးအရောင်းအဝယ်ကနေ တစ်လကို အမြတ် ၂သိန်း ကနေ ၃သိန်းအထိကျန်ပေမယ့်ခုလို အင်တာနက်လိုင်း၊ ဖုန်းလိုင်းမရတော့တာက ရေရှည် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နိုင်တယ်လို့ ပြောပါတယ်။

မော်ချီးဒေသဟာ ယခင်က ဖုန်းလိုင်း၊ အင်တာနက်လိုင်း နေရာတော်တော်များများမှာရရှိပေမယ့် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းလိုင်းပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ရံဖန်ရံခါ အင်တာနက်လိုင်းရရှိပေမယ့် သုံးရတာအဆင်မပြေဘူးလို့ ဆိုပါတယ်။

အရေးကြီးဆက်သွယ်လိုပါက အနီးစပ်ဆုံး ဖားဆောင်းမြို့မှာ အင်တာနက်လိုင်းသွားသုံးတာ၊ ဖုန်းဆက်ပြောတာတွေ လုပ်ရတယ်လို့ ဆိုပါတယ်။ ဖားဆောင်းမြို့နယ်မှာလည်း အချိန်ပြည့်ဖုန်းလိုင်းရတာမဟုတ်ဘဲ အချိန်အကန့်အသတ်နဲ့သာ သုံးစွဲနေရတာဖြစ်ပါတယ်။

spot_img
spot_img