တိုင်းရင်းသားစာပေသင်ကြားရာတွင် ကျောင်းအုပ် ၊ ဆရာ/မ များနှင့် မိဘများ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေး

ကန္တာရဝတီတိုင်း(မ်)

အခြေခံပညာစာသင်ကျောင်းတချို့များတွင် တိုင်းရင်းသားစာပေသင်ကြားရာမှာ ကျောင်းအုပ်ဆရာ/မ များနှင့် မိဘများက ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည့်အတွက် သင်ကြားရေးအပိုင်းတွင် အခက်အခဲဖြစ်စေသည်ဟု ကယောတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ တာဝန်ခံ ဒေါ်အော်လေးဗီယာက ပြောပါသည်။

“ညွန်ကြားချက်ပါမှ၊ ညွန်ကြားစာပါပြီလား၊ ညွန်ကြားလာမှစတာမျိုးတွေရှိတယ်။ တချို့ကလည်း သိပ်ပြီးတော့ သူတို့သဘောမကျတာမျိုးတွေရှိတယ်။ အချိန်တွေ မပေးချင်တာရှိတယ်။ စာသင်ခန်းတွေ ပေးမသုံးချင်တာမျိုးရှိတယ်။ မြေဖြူတို့ကအစ၊ သင်ပုန်းကအစ ကိုယ့်ဟာကိုယ်ယူလာ ဆိုတာမျိုးတွေပေါ့။” ဟု ဒေါ်အော်လေးဗီယာက ပြောပါသည်။

တိုင်းရင်းသားစာပေကို ကျောင်းဆင်းချိန်တွင် သင်ကြားနေရသေးသည့်အတွက် မိဘများက ၎င်းတို့၏ သားသမီးကို တိုင်းရင်စာပေသင်ကြာရေးအပိုင်း စိတ်မဝင်စားပဲ ကျူရှင်ကိုသာ ဦးစားပေးနေသည့်ကိစ္စသည်လည်း အခက်အခဲ တခုဖြစ်စေသည်ဟု ဆိုပါသည်။

“ကျမတို့က အပိုလုပ်ပြီးတော့ တိုင်းရင်းသားစာပေကိုလုပ်နေတာမဟုတ်ဘူး။ လူမျိုးမပျောက်ဖို့ လုပ်နေတာပါ။ တိုင်းရင်းသားစာပေကိုမလုပ်ဘူးဆိုရင် တဖြည်းဖြည်းနဲ့ ကျမတို့ လူမျိုးက စကားမပြောတော့တာ ဖြစ်မယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့ ပျောက်မှာဆိုတော့ ကျမတို့ကလည်း အသည်းအသန်လုပ်နေရတာဖြစ်ပါတယ်။” ဟု ဒေါ်အောလေးဗီယာက ပြောပါသည်။

ပညာရေးဦးစီးဌာနမှ တိုင်းရင်းသားစာပေသင်ကြားပေးနိုင်ရေးကို အထက်က အခွင့်အရေးပေးထားသော်လည်း လက်တွေ့မြေပြင်တွင် သက်ဆိုင်ရာ ကျောင်းဆရာ/မများကလည်း အခွင့်အရေးပေးရန်လိုအပ်နေခြင်းသားဖြစ်ကြောင်း ဖရူဆိုမြို့နယ်မှ အမည်မဖော်လိုသူ ဆရာမ တစ်ဦးက ပြောပါသည်။

“ကျောင်းအုပ်ပေါ်မှာလည်းမူတည်တယ်။ သူက တိုင်းရင်းမြတ်နိုးတဲ့ဆရာမဖြစ်ဖို့လိုတယ်။ ကိုယ့်တိုင်းရင်းသား ဘာသာစကားကို မချစ်တဲ့ ဆရာ/မတွေပဲ ဖြစ်မှာပေါ့အဲဒါ။” ဟု ပြောပါသည်။

ဂေဘားတိုင်းရင်းသားစာပေသင်ကြားနေသည့် ဖရူဆိုမြို့နယ် အလယ်တန်း ကေကောကျောင်းတွင်မူ တိုင်းရင်းသားဆရာမ/မများသင်ကြားရေးအပိုင်းတွင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးထားကြောင်း၊ သို့သော် ကျောင်းဆင်းပြီးချိန်တွင် သင်ကြားနေရသည့်အတွက်လည်း ကလေးများကို အတန်းထဲဆွဲပြီး သင်ပေးနေရသေးကြောင်း ဖရူဆိုမြို့နယ် ကေကောကျောင်းအုပ်ဆရာမ ဒေါ်ရှားမိုးက ပြောပါသည်။

“ဒီမှာတော့ တိုင်းရင်းသားဆရာမကတော့ အဆင်ပြေပါတယ်။ မြေဖြူတွေ ကြိုက်သလောက်သုံးလို့ရပါတယ်။ ကျောင်းအုပ်တွေအပေါ်မှာလည်း မူတည်ပါတယ်။” ဟု ပြောသည်။


တိုင်းရင်းသားစာပေနှင့် ပတ်သက်ပြီး စာသင်ချိန်အတွင်းတွင် သင်ကြားနိုင်ရန် သင်ရိုးညွန်းတမ်းများ ရေးဆွဲနေပြီဖြစ် လက်တွေ့ထည့်သွင်းသင်ကြားမည်ဆိုပါက အဆင်ပြေလာနိုင်မည်ဖြစ်ကြောင်း ယခင် ကယန်းတိုင်းရင်းသားစာပေကို သင်ကြားပေးဖူးသည့် ဆရာဂျိုးစက်က အကြံပြု ပြောဆိုသွားသည်။

“ကျောင်းသားတွေကလည်း တိုင်းရင်းသားစာပေကို သိပ်မသင်ချင်ကြဘူး။ ကျောင်းချိန်တွင်းဆို စိတ်ဝင်စားဖို့ကောင်းလာမယ်လို့ မြင်တယ်။” ဟု ဆရာဂျိုးစက်က ပြောပါသည်။

တိုင်းရင်းသားအခွင့်အရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တစ်ဦး၏ ရိုးရာဓလေ့ကို တစ်ဦးက လေးစားကြမည်၊ မရှိအတူ ရှိအတူ အေးအတူ ပူအမျှ မိသားစုစိတ်ဓါတ်များ မွေးမြူကြမည်၊ တစ်ဦးအခက်အခဲပြဿနာကို တစ်ဦး က ဝိုင်းဝန်းဖြေရှင်းပေးကြမည်ဟု ဇူလိုင်လ ၂၃ ရက်နေ့က ကယားပြည်နယ် နှင့် ချင်းပြည်နယ်တို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များကို နေပြည်တော်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်ကို ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဆိုက်သတင်းမှ သိရသည်။

ထို့အပြင် ကယားပြည်နယ်ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုကလည်း တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အတွက် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထား ဆောင်ရွက်မှုများရှိပါကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး၏ စာပေနှင့်ယဉ်ကျေးမှုကော်မတီကိုယ်စားလှယ်များရှေ့တွင် ပြောကြားသွားပါသည်။

Comments

comments

Next Post

ရိုးရာစောင်တွေကိုလည်း ဈေးကွက်မှာ မျက်နှာမငယ်စေလို

Wed Jul 31 , 2019
<div class="at-above-post addthis_tool" data-url="https://www.kantarawaddytimes.org/%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%ac%e1%80%b1%e1%80%95%e1%80%9e%e1%80%84%e1%80%b9%e1%81%be%e1%80%80/"></div>ကရင်နီသူရေးသားသည်။ ကယန်းရိုးရာစောင်တစ်ထည်ကို ယက်လုပ်တော့မယ်ဆိုရင် အရင်ဆုံးလုပ်ဆောင်ရမှာက ဝါပင်ကထွက်ရှိတဲ့ ဝါဂွမ်းတွေကို ချည်ဖြစ်အောင် ငင်ရပါတယ်။  ချည်ငင်တဲ့နေရာမှာ ဗိုင်းကိုအသုံးပြုပါတယ်။ ဗိုင်းငင်ပြီး ချည်ချောင်းလေးတွေ ထွက်လာပြီဆိုရင် တော့ ချည်တွေကို အဖုံလိုက်စုထားရပါတယ်။ ရိုးရာစောင်တစ်ထည်မှာ ချည်ဖြူ ၄ ဖုံလိုအပ်ပါတယ်။ ချည်ဖြူ ၄ ဖုံနဲ့ အခြား အဖြူရောင်ကြားမှာထည့်ဖို့ အခြားအရောင်( အနီ၊ အစိမ်း၊ အပြာ၊ ပန်းရောင်..စသည်ဖြင့်) ထပ်ထည့်ရပါတယ်။ ရိုးရာစောင်တစ်ထည်ရဲ့ အစိတ်အပိုင်းတွေအားလုံးမှာ အခက်ခဲဆုံးအပိုင်းကတော့ ချည်ငင်တဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချည်တွေကို ဗိုင်းနဲ့ငင်တဲ့နေရာမှာ ဝါဂွမ်းကိုလက်ချောင်းလေးတွေနဲ့ ကိုင်ပြီး မှန်းရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ လက်တစ်ဖက်က ဗိုင်းကိုငင်ပြီး အခြားတစ်ဖက်က ဝါဂွမ်းလေးကိုင်ရပါတယ်။  ဒီနေရာမှာ လက်ချောင်းလေးတွေက […]<!-- AddThis Advanced Settings above via filter on get_the_excerpt --><!-- AddThis Advanced Settings below via filter on get_the_excerpt --><!-- AddThis Advanced Settings generic via filter on get_the_excerpt --><!-- AddThis Share Buttons above via filter on get_the_excerpt --><!-- AddThis Share Buttons below via filter on get_the_excerpt --><div class="at-below-post addthis_tool" data-url="https://www.kantarawaddytimes.org/%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%ac%e1%80%b1%e1%80%95%e1%80%9e%e1%80%84%e1%80%b9%e1%81%be%e1%80%80/"></div><!-- AddThis Share Buttons generic via filter on get_the_excerpt -->