ဖဲဘူး
နိုင်ငံတကာ ရုပ်ရှင်ထုတ်လုပ်သူ များက ရိုက်ကူးထားသော ထိုင်းမြန်မာ နယ်စပ်မှာနေထိုင်တဲ့ ပြည်တွင်းရွေ့ပြောင်း နေထိုင်သူတွေအကြောင်းကို မှတ်တမ်းရုပ်ရှင် ကိုမေလအတွင်းမှာ အွန်လိုင်းမှာ ဖြန့်ဝေသွားမယ်လို့ မှတ်တမ်းရုပ်ရှင် ထုတ်လုပ်သူလည်းဖြစ်၊ တွဲဖက် ဒါရိုက်တာလည်းဖြစ်တဲ့ Ansley Sawyer ကပြောပါတယ်။
၁၅ မိနစ်ကနေ မိနှစ် ၂ဝ လောက်ကြာ မှာဖြစ်တဲ့ ဒီမှတ်တမ်းရုပ်ရှင် ကို Like We Don’t Exit လို့ နာမည်ပေးထားတာဖြစ်ပါတယ်။ နိုင်ငံတကာ အမှီခိုကင်းသော ရုပ်ရှင်ထုတ်လုပ်သူ အဖွဲ့ကဖြစ်ပြီးတော့ ရိုက်ကူးထားပေးတာဖြစ်ပါတယ်။
ပြည်တွင်းစစ်ဒဏ် ခံရတဲ့ ကရင်နီ ပြည်သူတွေ ရဲ့ ရုန်းကန်လှုပ်ရှားရပုံတွေ အကြောင်းကို တကမာ္ဘလုံးကို ချပြနိုင်ဖို့အတွက် ရည်ရွယ်ပြီး မှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ်တလျောက်မှာ ရွေ့ပြောင်းနေထိုင်သူတွေ ဟာ ကျန်းမာရေးစောင့်ရှောက်မှု ၊ ပညာရေးနဲ့ အခြေခံအဆောက်အဦးတွေ ချို့တဲ့နေတဲ့ အခြေအနေမှာရှိနေသေးတယ်လို့ Ansley Sawyer ကပြောပါတယ်။
မှတ်တမ်းရုပ်ရှင်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ လက်ရှိ ကရင်နီလူထုအကြောင်းကို ကမာ္ဘက သိအောင် ချပြဖို့အပြင် ကရင်နီလူငယ်ထုတွေရဲ့ပညာရေး ကို မီဒီယာတွေက သတိထားမိပြီး အစိုးရဖက်က တာဝန်ယူမှုတွေရှိလာအောင် ဖြစ်တယ်လို့ပြောပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ကို သူတို့ရဲ့ ဝက်ဆိုက် စာမျက်နှာပေါ်မှာ တင်ဆက်သွားမှာဖြစ်တဲ့အပြင် ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသသွားမယ်လို့ဆိုပါတယ်။
ယင်းဗီဒီယိုအကြိုမိတ်ဆက်ကို ဒီလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။