spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထွန်ယက်စိုက်ပျိုးနေတဲ့ လယ်မြေပေါ်မှာ မပေါက်ကွဲသေးတဲ့ မိုင်းနှစ်လုံးတွေ့ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့၊ နိုးကိုးကျေးရွာ နဲ့ ဒေါလိုရှေးကျေးရွာအကြား တောင်သူတစ်ဦး ထွန်ယက်စိုက်ပျိုးနေတဲ့ လယ်မြေပေါ်မှာ မပေါက်ကွဲသေးတဲ့ တိုက်မိုင်းတစ်လုံးနဲ့ နင်းမိုင်းတစ်လုံးကို ဇွန္လ ၁၀ ရက်နေ့က တွေ့ရှိခဲ့တာကြောင့် လယ်လုပ်တဲ့ရွာသားတွေ စိုးရိမ်ပူပန်နေကြတယ်လို့ နိုးကိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရှားရယ်ကပြောပါတယ်။

“လယ်လုပ်တဲ့သူတော့ တော်တော်စိုးရိမ်ကြတယ် ဘယ်လိုစိုးရိမ်လဲဆိုတာ သူတို့လယ်ထယ်တဲ့အချိန်မှာ တချို့တွေက ရွေ့တဲ့မိုင်းလည်းရှိကောင်းရှိနိုင်တယ် မြေငလျင်လှုပ်ရင်းနဲ့ ရွေ့သွားတဲ့မိုင်းလည်းရှိနိုင်တယ် ရွေ့သွားတာပေါ့။ သူတို့လယ်လုပ်ရင်းနဲ့ ဖြစ်သွားမှာလည်း ကြောက်ရတာပေါ့ လယ်ပိုင်ရှင်က။ စိုးရိမ်ရတာက ကလေးအတွက် တော်တော်စိုးရိမ်ရတာပေါ့ လောလောဆယ် ကျွဲ၊ နွား တိရစ္ဆာန်တွေလည်းရှိတယ်လေ အဲတော့ ကျတော်တို့ စိုးရိမ်ရတဲ့အပိုင်းမှာရှိတယ်ပေါ့” လို့ ဦးရှားရယ်ကပြောပါတယ်။

လယ်ပိုင်ရှင်တစ်ဦး လယ်သွားထယ်ရင်းနဲ့ လယ်အနီး တာဝိုင်တိုင်အောက်မှာ မိုင်းတွေ့ရှိခဲ့ပြီး အုပ်စုအုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးမှတဆင့် ခလရ ၂၆၁ တပ်ရင်းကိုအကြောင်းကြားခဲ့ပါတယ်။

ခလရ ၂၆၁ တပ်ရင်းက လာရောက်စစ်ဆေးပြီး တာဝိုင်တိုင်အနီးပတ်လည်ကို ခြံကာခဲ့ပြီး မိုင်းရှင်းလင်းရေးကိုတော့ မပြုလုပ်သွားဘူးလို့ ဦးရှားရယ်ကဆိုပါတယ်။

မိုင်းတွေရှိတဲ့ တာဝိုင်တိုင်အနီးမှာ တောင်သူတွေ လယ်ထွန်ယက်စိုက်ပျိုးနေပြီး မိုင်းသွားထိမိမှာကိုစိုးရိမ်နေကြသလို ကျွဲ နွား တိရစ္ဆာန်အတွက်လည်း စားကျက်မြေဖြစ်တာကြောင့် ဝါးနဲ့ခြံကာမယ့်အစား အုတ်တံတားနဲ့ ခြံခတ်စေချင်တယ်လို့ ဆိုပါတယ်။

ဦးရွားရယ္က “ကျတော်တို့အတွက် အလုံခြုံဆုံးက အုတ်တံတားနဲ့ခတ်တာပိုသေချာတာပေါ့ဝါးနဲ့သွားခတ်ရင်တော့ အဆင်မပြေဘူး တစ်နေ့မဟုတ်တစ်နေ့တော့ ပျက်မှာပဲ။ နွား မဟုတ်ရင် တိရစ္ဆာန်တစ်ခုခု သွားဖျက်လိုက်ရင်တော့ သူကခြံကာလိုက်တော့ အထဲမှာအစာကောင်းသွားပြီလေ မြက်တွေထူလာမယ် အဲမျိုးခါကျတော့ နွားတော့ သူ့အစာတွေ့ရင် ဝင်မှာပဲ။ လောလောဆယ်တော့ အုတ်တံတားနဲ့ကာရင် ပိုအဆင်ပြေပါတယ်” လို့ ပြောပါတယ်။

ကျေးရွာအနီးအနားမှာရှိတဲ့ တာဝိုင်တိုင်အားလုံး ၂၀ကျော်ရှိပြီး မြှုပ်ထားတဲ့မိုင်းတွေကလည်း နှစ်ပေါင်း ၂၀ဝန်းကျင်ရှိနေပြီလို့ အုပ်ချုပ်ရေးမှူးပြောပြချက်အရသိရပါတယ်။

လက်ရှိ မိုင်းနှစ်လုံးတွေ့ရှိထားတဲ့ တာဝိုင်တိုင်က နံပါတ်(၁၀၈)တိုင်မြောက်ဖြစ်တယ်လို့ သိရပါတယ်။

ယခင်က အနီးနားကကျေးရွာတစ်ရွာမှာ တိရစ္ဆာန်အချို့ မိုင်းထိမှုကြောင့် သေဆုံးမှုဖြစ်ပွားခဲ့ဖူးပါတယ်။

spot_img
spot_img

Recent posts