spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒိန်းမတ်သံရုံး နဲ့ WFPက နေပြီး ရှမ်း-တောင်မှာ စစ်ရှောင်နေတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနေ

ကန္တာရဝတီတိုင်း(မ်)


ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေပြီး ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ် နဲ့ တောင်ကြီးမြို့နယ်တွေမှာ လာရောက်ခိုလှုံနေတဲ့ ကရင်နီ နဲ့ ရှမ်း-ကယား နယ်စပ်က စစ်ရှောင် တွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

“ စောင်၊ ဖျာ၊ မီးဖိုချောင်သုံးအိုးခွက်ပန်းကန် ဓါး၊ ခြင်ထောင်၊ မိန်းကလေးအသုံးအဆောင်၊ ရေဗူး၊ မိုးကာ၊ ကလေးငယ်အတွက် အနှီး၊ ရေပုံး ရတယ်။ ဆေးဝါးတော့ လိုအပ်ဦးမယ် ။ ကလေးအတွက် ကော၊ သက်ကြီးပိုင်းအတွက်ကော။ ပိုလိုအပ်တယ်။ ကလေး နဲ့ သက်ကြီး အာဟာရတွေလည်း လိုအပ်တယ်။ ကလေး အာဟာရမှုန့်တော့ တခါ ရောက်လာပြီ။ “ လို့ ညောင်ရွှေမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ သွားရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်တစ်ဦး ကပြောပါတယ်။


WFP ကနေပြီး တောင်ကြီးမြို့မှာ ရုံးခန်းနဲ့ စားနပ်ရိက္ခာ သိုလှောင်ရုံတစ်ခုကို အ‌ခြေစိုက်ဖွင့်လှစ်တည်ထောင်ထားပြီးလည်းဖြစ်တယ်လို့ သိရပါတယ်။
WFP က အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင် ပြည်သူတွေရဲ့ နေရာတွေကို မနေ့က သွားရောက် လေ့လာခဲ့ပါတယ်။

photo – Embassy of Denmark in Myanmar


“ ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို မြင်ရတာ ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့အားလုံးက အသက်မွေးဝမ်ကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကိုယ့်အိမ် ကိုယ့်ရွာကို ဘေးကင်းကင်းနဲ့ ပြန်ချင်နေကြတယ်။ ကျွန်တော်တို့ ဒိန်းမတ်နိုင်ငံအနေနဲ့ WFP က အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဥ်ကနေတစ်ဆင့် နေရပ်စွန့်ခွာလာရသူတွေ မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာအကူအညီကို ထောက်ပံ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ သံရုံးအကြီးအကဲ Mr Anders Graugaard က ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံအတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ဒိန်းမတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃.၈သန်း ကိုလည်း WFP ကို ပံ့ပိုးကူညီခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ဒိန်းမတ်သံရုံးက ထုတ်ပြန်ပါတယ်။

photo – Embassy of Denmark in Myanmar


WFP ကနေပြီး ရှမ်းပြည်နယ် တောင်ပိုင်း မှာ နေရပ်စွန့်ခွာလာရသူတွေအတွက် စားနပ်ရိက္ခာများဖြန့်ဖြူးပေးလျက်ရှိနေတာဖြစ်ပြီး ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာနေရပ်ရွှေ့ပြောင်းနေထိုင်ရသူတွေ အားလုံးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုလည်း စဉ်ဆက်မပြတ် ကူညီပေးခွင့် ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

spot_img
spot_img