spot_img
Wednesday, June 29, 2022
spot_img

ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ရိက္ခာပြတ်လုနီးပါးဖြစ်နေ

ဒီးမောဆိုမြိ့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း တစ်နေရာ | Photo: CJ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်း၊ ဆောင်ဒူလာအုပ်စုအတွင်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ဆန်၊ ရိက္ခာခြောက်တွေ မရောက်လာတော့တာကြောင့် ပြတ်လုနီးပါးအခြေအနေနဲ့ ကြုံနေရတယ်လို့ စစ်ရှောင်စခန်းကော်မတီတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ လူတစ်ဦးကို ဆန်တစ်ပြည်ဝေပေးပြီး နှစ်ပတ်စာအဖြစ် ချွေတာစားဖို့ စီမံထားရတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ ထုတ်ပေးတာက လူဦးရေနဲ့ ထုတ်ပေးပေမယ့်လည်း အကန့်အသတ်တော့ ရှိတာပေါ့နော။ ဘာလို့လဲဆို ကျနော်တို့လည်း ဆန်သိပ်မကျန်တော့တဲ့ခါကျတော့ တစ်ပတ်စာ၊ နှစ်ပတ်စာကို ချွေတာ စားခိုင်းတာပေါ့နော။ တစ်ယောက်ကို တစ်ပြည်နှုန်းနဲ့ နှစ်ပတ်စာ ကျနော်တို့ သတ်မှတ်လိုက်တယ်လေ။ ဒါနဲ့ မလုံလောက်ဘူးဆိုတာ ကျနော်တို့ သိတယ်။ နည်းနည်းရှာစားနိုင်တဲ့သူကိုတော့ ရသလောက် ရှာစားကြ အဲ့လိုပဲ တိုက်တွန်းပေးနိုင်တယ်ပေါ့နော။” လို့ စစ်ဘေးရှောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဲဒီ စစ်ရှောင်စခန်းကသူတွေဟာ ၂၀၂၁ ခုနှစ် မေလ ကုန်ပိုင်းမှာ စတင်ပြီး စစ်ဘေးရှောင်ရာ ယနေ့အချိန်ထိ အိမ်မပြန်နိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ အိမ်ခြေ ၅၄၁ လုံး ၊ လူဦးရေ ၂၃၅၅ ရှိတယ်လို့ သိရပါတယ်။

ဒီးမောဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာ | Photo: CJ

ပြီးခဲ့တဲ့ ဧပြီလ ကတည်းက အလှူရှင်၊ စားနပ်ရိက္ခာ မရောက်လာတော့တာကြောင့် သိုလှောင်ထားတဲ့ ဆန်၊ ဆီ၊ ရိက္ခာခြောက်တွေ ဝေပေးတဲ့အခါ အခက်အခဲတွေ များစွာ ရှိတယ်လို့ ကော်မတီ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါ့အပြင် ရိက္ခာလုံလောက်မှု မရှိပဲ မိခင်နဲ့ ကလေးတွေမှာ လုံလောက်စွာ မစားသုံးရတဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးကို ဆိုးဝါးစွာ ခံစားရတယ်လို့လည်း သိရပါတယ်။

“ အဲ့လိုမျိုး အာဟာရချို့တဲ့တဲ့အခါကျတော့ ပြီးခဲ့တဲ့နှစ်ဆို မွေးကင်းစ ကလေး လေးယောက်တောင် ဆုံးရှုံးတယ်ပေါ့နော။ အဲ့လို သေဆုံးတဲ့အတွက်ကြောင့် ကလေးအတွက်ဆို ဖြစ်နိုင်ရင် အဟာရဓတ်တွေကို အဟာရဖြစ်စေနိုင်မဲ့ အဟာရမုန့်သော်လည်းကောင်း အစားအသောက်သော်လည်းကောင်း ကူညီခိုင်းစေချင်တာပေါ့။ ဘာလို့လဲဆို ကလေးတွေရဲ့ အသက်ကို ကျနော်တို့က တောထဲမှာနေရတဲ့အခါကျတော့ ကျန်းမာရေးလည်းမကောင်းဘူး။ အရေးထဲ အဟာရလည်း မပြည့်ဝတဲ့အတွက်ကြောင့် ဆုံးရှုံးမှုတွေကို ကျနော်တို့ ပိုပြီးတော့မှ စိုးရိမ်လာတယ်။ မိုးတွင်းရောက်ပြီဆို ကျနော်တို့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာနိုင်တယ်။ ပြီးခဲ့တဲ့နှစ်ထက် ပိုဆိုးလာနိုင်တဲ့ အလားအလာ ရှိလာနိုင်တယ်ပေါ့နော။ “ လို့ စစ်ရှောင်စခန်းကော်မတီ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စားနပ်ရိက္ခာလုံလောက်မှု မရှိခြင်းကြောင့် လက်ရှိ စစ်ရှောင်စခန်းဟာ ယခုနှစ် တစ်လပိုင်းကနေ ယခုလ ၅ လပိုင်းအထိ တစ်အိမ်ထောင်ကို ဆီ နှစ်ဗူးသာ ထုတ်ဝေပေးနိုင်သေးတယ်လို့ စခန်းကော်မတီထံကနေ သိရပါတယ်။

ကရင်နီပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲကြောင့် လူဦးရေ နှစ်သိန်းဝန်းကျင်အထိ စစ်ဘေးရှောင်နေရပြီး ယခုအချိန်ထိ အိမ်မပြန်နိုင်ကြသေးပါဘူး။

Photo: CJ
spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ၁၀ နှစ်အောက် စစ်ရှောင်ကလေးငယ်တွေ ရာသီတုပ်ကွေး အဖြစ်များနေ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက စစ်ရှောင်စခန်း တစ်ခုမှာ ဇွန်လအစပိုင်းကနေစပြီး ၁၀နှစ်အောက် ကလေးငယ်တွေ ရာသီတုပ်ကွေး အဖြစ်များလာနေတယ်လို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ သူတွေက ဆိုကြပါတယ်။ စစ်ရှောင်ကလေးငယ်တွေ အခုလို ဖျားနာတာနေတာ နှစ်ပတ်ဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။ “ဘယ်လိုရောဂါလဲဆိုရင် ရာသီတုပ်ကွေးပဲထင်တယ်။ ဖျားတယ်။ နှာစီးတယ်။ ချောင်းဆိုးတယ်။ ဒီလောက်ပါပဲ။...

ပညာရေးဝန်ထမ်း ၆ဦးကို အကြမ်းဖက်အဖွဲ့အစည်းကို အားပေးကူညီမှုနဲ့ အရေးယူမည်

ကန္တာရဝတီတိုင်း ( မ် )ကရင်နီပြည် အတွင်းက စစ်ကောင်စီလမ်းညွှန်မှုနဲ့ လွိုင်လင် အထက်တန်းကျောင်းမှာ သင်ကြားနေတဲ့ ­Non-CDM ဆရာ၊ဆရာမ ၆ဦးကို ထိန်းသိမ်းထားပြီး ၎င်းတို့ကို အကြမ်းဖက်အဖွဲ့အစည်း အားပေးကူညီမှုနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ကရင်နီပြည် ရဲဌာန ( KSP ) ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက...

ဖရူဆိုမြို့ပေါ်တွင် နေအိမ်ဖောက်ထွင်းကာ ပစ္စည်းခိုးယူခံရမှု များပြား

CJ (ကန္တာရဝတီတိုင်း(မ်))ဖရူဆိုမြို့ပေါ် ရပ်ကွက်တွေမျာရှိတဲ့ စစ်ဘေးရှောင်ပြည်သူအများစုရဲ့  နေအိမ်တွေကို ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းခိုးယူမှု ပိုမိုများပြားလာတယ်လို့ ဖရူဆိုမြို့ဒေသခံ ပြည်သူတွေကပြောပါတယ်။ “ပြည်သူအချင်းချင်း အိမ်ကို လိုက်ဝင်ခိုးနေတာတွေလည်း ရှိတယ်။ ဖရူဆိုမြို့ထဲမှာတော့ ပြည်သူနေအိမ်ကို လိုက်လံ ခိုးယူမှူမှာတော့ အများကြီးရှိတယ်။ ဒါကတော့ မျက်မြင် သက်သေလည်း ရှိသလို တစ်ချို့ကျတော့လည်း သက်သေမရှိဘူးပေါ့။...

စျေးဆိုင်တွေမှာ ရောင်းချနေတဲ့ စစ်တပ်ထုတ် ဒဂုံ ဘီယာတွေကို ဖယ်ခုံ KNDF ဖျက်ဆီး

ကန္တာရဝတီတိုင်း(မ်) ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ KNDF ရဲ့ စိုးမိုး နယ်မြေထဲမှာ စစ်တပ်ထုတ်ကုန်တွေကို မရောင်းချဖို့၊ အသုံးမပြုဖို့ အသိပေးထားတာတွေရှိသလို စျေးဆိုင်တွေနဲ့ ပစ္စည်းတင်ပို့လာတဲ့ ကုန်ကားတွေမှာ စစ်ဆေးတွေ့ရှိပြီး ဖျက်စီးတာတွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာလည်း ဒဂုံ ဘီယာတချို့ကို စစ်ဆေးတွေ့ရှိတဲ့အတွက် ဖျက်ဆီးခဲ့တယ်လို့ KNDF...