spot_img
Saturday, April 1, 2023
spot_img

ဒီးမော့ဆိုအရှေ့ဘက်ခြမ်း လက်နက်ကြီးကျရောက်ပြီး ဒေသခံ ၇ဦးထိခိုက်ဒဏ်ရာရ

spot_imgspot_imgspot_imgspot_img


ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ထီးဖိုးကလိုးကျေးရွာအုပ်စုအတွင်း ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီးကျရောက်ပြီး ဒေသခံ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

“လက်နက်ကြီးပေါ့နော။ ဘယ်ကနေ ပစ်ခတ်မှန်းမသိဘူးပေါ့နော။ သေချာတာကတော့ သုံးလုံးကျရောက်ပေါက်ကွဲပြီးတော့မှ ကျနော်တို့ ရွာသူရွာသား ၇ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ ၇ဦးထဲက တစ်ဦးကတော့ ဒဏ်ရာပြင်းထန်နေတယ်။ ကျန်တဲ့ ၆ဦးကတော့ အနည်းအကျဉ်း ဒဏ်ရာရထားတာကို ကျနော်ကနဦး သိရပါတယ်။” လို့ ဆရာဗညားက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ဩဂုတ်လအတွင်း ၁၀ဦးထိရှိနေပါတယ်။

ငွေတောင်အခြေစိုက် (၁၀၂)တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒေသခံတစ်ဦးက “ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်၊ ခမရ (၄၂၇)၊ လွိုင်ကော်အခြေစိုက်က ခလရ ၅၄ တပ်။ နောက်ပြီးတော့ ဖရူဆိုမြို့က အမှတ်(၁၄)နဲ့လည်း နည်းနည်းနီးတယ်ဆိုတော့ အဲ့ဒီကနေလည်း လှမ်းထုနိုင်တယ်။ အဲ့ဒါ ဘယ်ဖက်ကပစ်လဲ မသိဘူးဆိုတာ ဘယ်ကနေထွက်လာမှန်းကို မသိရတာ။” လို့ ပြောပါတယ်။

ယမန်နေ့ညပိုင်းမှာလည်း လွိုင်ကော်မြို့ကနေ လက်နက်ကြီးပစ်ခတ်သံကို ကြားနေရတယ်လို့ လွိုင်ကော်ဒေသခံတွေထံကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာမှာ ယမန်နေ့ ဩဂုတ်လ ၁၇ရက်နေ့ ညနေ ၄နာရီခွဲကနေ ၆နာရီခွဲအထိ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု ( KRU ) က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဖြစ်ပွားမှုအပြီး ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကို လက်နက်ကြီးရမ်းသန်းပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တိုက်ပွဲအတွင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု ( KRU ) ၊ ဒီးမော့ဆို PDF တို့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၆ဦးသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရတချို့ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့သလို ဒေသခံ နေအိမ် တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်း နေ့စဉ်ရက်ဆက် မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားပြည်သူရှိရာနေရာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူလည်းရှိနေတာပါ။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...