spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပညာရေးရုံးပိုင်းဆိုင်ရာ အရာရှိဝန်ထမ်းတွေ မဖြစ်မနေရုံးတက်ရ

Author

Date

Category

စိုးထိုက်အောင်၊ အန်ထောနီ

အစိုးရ ဝန်ထမ်းတွေ ဝန်ထမ်းအင်အား ထက်ဝက်သာ ရုံးတက်ရမည်ဟုဆိုသော်လည်း ပညာရေးဌာနရဲ့ရုံးပိုင်းဆိုင်ရာမှာတော အထက်အရာရှိပိုင်းတွေကတော့ မဖြစ်မနေလာနေရတယ်လို့ ဖရူဆိုမြို့နယ်လက်ထောက်ပညာရေးမှူး ဦးမြာရယ်မျိုးဝင်းက ပြောပါတယ်။

ဦးမြာရယ်မျိုးဝင်းက “လူလျော့တာ အောက်ခြေဝန်ထမ်းထိဆိုရင် ၂၇ ယောက်ရှိတယ် အရာရှိပိုင်းတော့ မဖြစ်မနေ လာရမယ်ပေါ့နော အရာရှိပိုင်းတော့ဘာလို့လဲဆိုရင် သူတို့အလုပ်ပိုရှိတယ် ရှိတဲ့အတွက်ကြောင့် ရှိရင်ရှိသလိုသူတို့လာရတယ် အောက်ခြေဝန်ထမ်းနဲ့ ညစောင့်ကတော့ သူ့ duty နဲ့သူပဲပေါ့ ညစောင့်ကတော့ နေ့တစ်ယောက် ညတစ်ယောက် (၂)ယောက်ပေါ့ အဲ့မျိုးခွဲထားတယ်” လို့ဦးမြာရယ်မျိုးဝင်းက ပြောပါတယ်။

ပြည်နယ်အဆင့်ဌာနဆိုင်ရာများအားလုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ထမ်းဆောင်နေတဲ့ လက်ရှိဝန်ထမ်းအင်အားရဲ့ (၅၀) ရာခိုင်နှုန်းသာ ရုံးချိန်မှာ တာဝန်ထမ်းဆောင်ရမယ်လို့ ၂၀၂၀၊ မတ္လ ၂၆ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်စာကိုရည်ညွန်း ပြီး ကယားပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အခုလိုပြည်နယ် အစိုးရက ထုတ်ပြန်ထားတဲ့အပေါ်မှာ ဌာနဆိုင်ရာတွေအနေနဲ့လိုက်နာဆောင်ရွက် နေကြတာဖြစ်ပါတယ်။

Covid 19 ဟာကမ္ဘာအနှံ့ကူးစက်ပြန့်ပွားနိုင်တဲ့ ကမ္ဘာကပ်ရောဂါဖြစ်ကြောင်းကို (၁၁-၃-၂၀၂၀) ရက်နေ့မွာ WHOက သတ်မှတ်ကြေညာခဲ့တာဖြစ်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်ပွားမှုက လူစုလူဝေးမှတစ်ဆင့် လျှင်မြန်စွာကူးစက်ပြန့်ပွားနိုင်တဲ့အတွက်ကြောင့် အခုလို ရုံး/ ဌာနေတြ အေနနဲ့ရုံးချိန်အတွင်းမှာလက်ရှိဝန်ထမ်းအင်အားရဲ့(၅၀)ရာခိုင်နှုန်းကိုသာ တာဝန်ထမ်းဆောင်ဖို့အတွက်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၅) အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူ က အခုလို (၅၀) ရာခိုင်နှုန်းလျော့ချတာ ဒါက ပြည်နယ်လို့မဟုတ်ဘူး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တူတယ် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဌာနဆိုင်ရာတွေကိုပေါ့နော် တစ်ဝက်စီပေါ့ ဘာဖြစ်လို့လဲဆိုတော့ အစုလိုက် အပြုံလိုက်ဆိုရင်မဖြစ်ဘူးလေး အဲ့ဒါကြောင့်မို့ဒါကလည်း အစိုးရ ညွန်ကြားတဲ့အတိုင်းပဲပေါ့နော် သူတို့လုပ်ရတာ ဒါကောင်းပါတယ် ဘာဖြစ်လို့လဲဆိုအလုပ္ကလဲ လုံးဝပိတ်သိမ်းလို့လဲ မဖြစ်ဘူးပေါ့နော် အဲ့လိုမျိုးတော့ရှိပါတယ်။ လို့ပြောပါတယ်။

နားရက်ရတဲ့ ကျန်ဝန်ထမ်း(၅၀) ရာခိုင်နှုန်းတွေက ဝန်ထမ်းအိမ်ယာတွေ၊ အဆောင်တွေ၊ အိမ်တွေမှာပဲ တာဝန်ချိန်အဖြင့် နေဖို့သတ်မှတ်ထားတာဖြစ်ပြီး ရုံးတွေကလိုအပ်လို့ခေါ်ယူမယ်ဆိုရင် အချိန်နဲ့တစ်ပြေးညီ ရုံးကိုလာရောက်တာဝန်ထမ်းဆောင်ဖို့အတြက္ကိုလဲ ထုတ်ပြန်ကြေညာထားပါတယ်။ ပုံမှန်အတိုင်းဆောင်ရွက်ရမည့်ရက်ကိုလဲ ထပ်မံကြေညာသွားမည်ဟု သိရပါတယ်။

spot_img
spot_img

Recent posts