spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပဋိပက္ခကျေးရွာနယ်မြေတွင် လူထုဗဟိုပြုစီမံကိန်း ၃လ ထပ်မံတိုးချဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ပဋိပက္ခကျေးရွာနယ်မြေအတွင်းတွင် လူထုဗဟိုပြုစီမံကိန်း ကျန့်ကျန် နေသေးသည့်အတွက် စီမံကိန်း ၃ လထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိသည်ဟု ဖရူဆိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးမောင်ပိုက ပြောပါသည်။

“ဒီနေ့ချိန်ထိဆိုရင်တော့ လုပ်ငန်းပေါင်း၉၅ခုပြီးပြီ ၅ခုကကျန်နေတယ် ကျန်နေတာကလည်းကျတော်တို့ conflict (ပဋိပက္ခ) အုပ်စုထဲကစီမံကိန်းလုပ်ငန်းခွဲတွေ ဖြစ်တယ်။”ဟု ဦးမောင်ပိုက ပြောပါသည်။

စတုတ္ထနှစ်နောက်ဆုံးနှစ်စီမံကိန်းတွင် လုပ်ငန်းခွဲပေါင်း ၁၀၀ ရှိသည့်အနက် ပဋိပက္ခနယ်မြေအတွင်းတွင် လုပ်ငန်း ၅ ခုကျန်ရှိနေသေးသည့်အတွက် စီမံကိန်းကို ၃ လထပ်မံတိုးချဲ့ထားသည်ခြင်းဖြစ်သည်ဟု သိရသည်။

ယခုလိုကျန်ရှိရသည့်အကြောင်းရင်းမှာ လုပ်ငန်းမစမှီပွင့်လင်းရာသီတွင် မသွားနိုင်ခဲ့သည့်အတွက် နောက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

“အဲ့ဒီကျန်ရခြင်း အကြောင်းကတော့ ကျတော်တို့ conflict (ပဋိပက္ခ) ဧရိယာ ဒီစီမံကိန်းအကောင်အထည်ဖော်တဲ့အခါမှာ ဒီဧရိယာက တစ်ခြား၉အုပ်စုထက်စာရင် စီမံကိန်းတွေကနောက်ကျတယ်။လေးလလောက်နောက်ကျတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျတော်တို့ပွင့်လင်းရာသီမှာမစနိုင်ဘဲနဲ့ မိုးတွင်းမှဘဲစနိုင်တယ် စနိုင်တော့ ပစ္စည်းတွေသယ်ယူရတာလည်းအခက်အခဲရှိတယ်။”ဟု ဦးမောင်ပိုက ပြောပါသည်။

conflict (ပဋိပက္ခ) ဧရိယာသည် နိုင်ငံတကာအဖွဲ့အစည်းများ ၊ စသည့်အဖွဲ့အစည်းများဝင်ရောက်ပါက သက်ဆိုင်ရာ နယ်မြေခံလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခွင့်ပြုချက် ရယူပြီး ဝင်ရသည့် နေမြေဖြစ်သည်။

“ကျနော်တို့ပြည်သူကတော့လိုချင်တာများတာပေါ့နော်။ သို့သော်လည်းပဲ သိတဲ့အတိုင်းပဲ ကျနော်တို့ကို ဦးဆောင်တဲ့အဖွဲ့နှစ်ဖွဲ့ရှိတယ်လေး လူတိုင်းသိကြတယ်။ ဒီဘက်ကလက်မခံ ဟိုဘက်က လက်ခံဆိုတာမျိုး နှစ်မျိုးရှိတာပေါ့။ အကျပ်အတည်းက ဒီဘက်ကဘဲ အာရုံစိုက်ပြီး လုပ်လာလို့မရဘူး။ လုပ်မယ်ဆို ကျနော်တို့က တင်ပြပြီး ခွင့်ပြုချက်ရှိမရှိ တင်ပြရတယ်။အဲဒါကို သူတို့က ခွင့်ပြုချက်ရှိမှလုပ်ရတယ်။”ဟု သိုသီးဖိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောဒိုဟာက ပြောပါသည်။

ဖရူဆိုမြို့နယ်အတွင်းတွင် ကျေးရွာအုပ်စု ၁၄အုပ်စုရှိရာ conflict (ပဋိပက္ခ) ဧရိယာ ကျေးရွာအုပ်စု ၅ အုပ်စုမှာ တော်ခူကျေးရွာအုပ်၊ ရော်ဒေါ်ခေါကျးရွာအုပ်စ၊ သိုသီးဖိုကျေးရွာအုပ်စု၊ ဒိုးလာစောကျေးရွာအုပ်စု၊ ကေကောကျေးရွာအုပ်စုတို့ဖြစ်သည်။

လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းသည် (၄)နှစ်တာ ဖြစ်ပြီး ဖရူဆိုမြို့နယ်အတွင်းတွင် ယခုလတွငး် နောက်ဆုံး စတုတ္ထနှစ် စက်ဝန်း ပြီးဆုံးသွားပြီဖြစ်သည့်အတွက် မြို့နယ်အဆင့်သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခန်းအနားပင် စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်သွားပြီးဖြစ်သည်။

spot_img
spot_img

Recent posts