spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပျောက်ဆုံးနေသော ကျောင်းဆရာ၊ ဆရာမ ၆ ဦးကို KSP ခေါ်ယူ စစ်ဆေးမေးမြန်ထားဟုဆို

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ ဇွန်လ၂၄ ရက်နေ့မှာ ပျောက်ဆုံးသွားတယ်လို့ဆိုတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့က အထက်တန်းကျောင်းတစ်ကျောင်းမှ ဆရာ၊ ဆရာမ ၆ ဦးကို ကရင်နီပြည် ရဲဌာန KSP က စစ်ဆေးမေးမြန်းဖို့ ခေါ်ယူထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သူတို့ ၆ ဦးဟာ Non- CDM ဖြစ်ပြီး စစ်ကောင်စီလမ်းညွှန်မှုနဲ့ ဖွင့်လှစ်နေတဲ့ လွိုင်လင်လေးမြို့က ကျောင်းတစ်ကျောင်းမှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ခွင့်ပြုထားတဲ့ကျောင်းမဟုတ်ပဲ စစ်ကောင်စီမှ ဖွင့်လှစ်ထားတဲ့ ကျောင်းကို တက်ရောက်တာဝန်ထမ်းဆောင်နေတဲ့အတွက် ဒေသခံများရဲ့ တိုင်ကြားချက်အရ ဖမ်းဆီးထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က KSPနဲ့ KNDF B-12 ပူးပေါင်းပြီး သွားရောက်ခေါ်ယူ စစ်ဆေးမေးမြန်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) မှ KSP၊ KNDF B 12 ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဇွန်လ ၂၆ ရက်နေ့ ညနေ ၈ နာရီခွဲအထိ ဆက်သွယ်လို့ မရရှိသေးပါဘူး။

spot_img
spot_img