spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်အတွင်း PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ (၁၁)နာရီဝန်းကျင်အကြာ တိုက်ပွဲဖြစ်ပွားခဲ့

Photo – Free Burma Ranger – Karenni

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အကြား ပင်လုံကျေးရွာနဲ့ လွယ်ဟွဲကျေးရွာအနီးမှာ PDF ပူးပေါင်းတပ် နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ (၁၁)နာရီဝန်းကျင်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF- Pekhon က ဩဂုတ်လ (၁၅)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၁၄)ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှာ ပင်လောင်းဖက်မှ လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့ PNO ပူးပေါင်းတပ်က ဖယ်ခုံမြို့နယ်အတွင်းရှိတဲ့ PDFတပ်ဖွဲ့များထံသို့ ဝင်ရောက်ကျူးကျော်ရန်မူပြီး စတင်တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲက (၁၁)နာရီဝန်းကျင် ကြာမြှင့်ခဲ့တယ်လို့ သိရပါတယ်။

PDF ဖက်မှ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးရှိပြီး အကြမ်းဖက်စစ်ကောင်စီပူးပေါင်းတပ်ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှု မသိရသေးပေမယ့် များပြားနိုင်တာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်က အောင်ပန်းဖက်မှ စစ်ကူထပ်ခေါ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဖယ်ခုံ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒီမော့ဆို)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မိုးဗြဲ)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)တို့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပါရှိပါတယ်။

တိုက်ပွဲကြောင့် Free Burma Ranger- Karenni Team မှ လွယ်ဟွဲကျေးရွာရှိ အမျိုးသမီးများနဲ့ ကလေးများကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၅ရက်နေ့ နံနက်ပိုင်းမှာလည်း တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo – Free Burma Ranger – Karenni
spot_img
spot_img