ဖယ်ခုံ၊ ဆီးမီးလော့ကျေးရွာမှာ ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားနေ

0
5450
ဖယ်ခုံ

လဲသျှို့ / ကန္တာရဝတီတိုင်း ( မ် )

ဖယ်ခုံမြို့နယ်၊ ဆီးမီးလော့ကျေးရွာကို မေလ ၁၅ ရက်နေ့ကတည်းက ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေ နဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့ မေလ ၁၉ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး ဖယ်ခုံအရှေ့ဖက်ကမ်းဒေသမှာ တိုက်ပွဲဖြစ်ပွားတာ ငါးရက်မြောက်ရှိသွားပြီဖြစ်ပါတယ်။

ဖယ်ခုံPDF ၊ မိုးဗြဲ PDF ၊ KNDF B-03 တို့ နဲ့ စစ်ကောင်စီ ၄၂၂ တပ်တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်စစ်ကူနေတာတွေလည်း ရှိနေပါတယ်။

ယမန်နေ့ မေလ ၁၈ ရက်နေ့မှာလည်း ဆီးမီးလော့ကျေးရွာ တိုက်ပွဲအတွင်း ဖယ်ခုံ PDF တစ်ဦးကျဆုံးခဲ့သလို KNDF B-03 ရဲဘော်တစ်ဦးလည်း ကျဆုံးသွားခဲ့ပါတယ်။ စစ်ကောင်စီဘက်က အကျအဆုံးကိုတော့ အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ဆီးမီးလော့ကျေးရွာနဲ့ ဒေါပေါ်ကူးကျေးရွာဘက်သို သွားလာခြင်းမပြုကြဖို့ ဖယ်ခုံ PDF က တိုက်တွန်းထားပါတယ်။

ဖယ်ခုံမြို့ အင်းအရှေ့ဘက်ခြမ်းမှာ မေလ ၁၅ ရက်နေ့က စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတဲ့အတွက် အနီးအနားက ကျေးရွာအုပ်စုလေးအုပ်စုက ဒေသခံတွေ စစ်ဘေးရှောင်နေရပါတယ်။