spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်က စစ်ရှောင်ကလေးအများစု အာဟာရချို့တဲ့လက္ခဏာပြနေ

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင်ကလေးငယ်အများစုမှာ အာဟာရချို့တဲ့ လက္ခဏာတွေ့နေရတယ်လို့ နွေဦးကရင်နီလူငယ်များ ကျန်မာရေးစေတနာ့ဝန်ထမ်း (SKY Health Volunteer)အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“သူတို့ ရေဓါတ်နည်းတဲ့ အတွက်ကြောင့်မို့လို့ပေါ့နော။ အသားအရေခြောက်တာတို့ ဘာတို့ အဲ့လိုမျိုး Dehydration (ရေဓါတ်ခမ်းခြောက်ခြင်း) ပုံစံမျိုးတွေရှိတယ်။ နောက်ပြီးတော့မှ အတွေ့ရအများဆုံး ကတော့ BMI ပေါ့နော။ ပြောရမယ်ဆိုရင် သူတို့ အသက်အရွယ်မှာ သူတို့ ရှိရမယ့်အရပ်အမောင်း သူတို့ရှိရမယ့် ခန္ဓာကိုယ်အလေးချိန် မပြည့်မီတာတွေများတယ်ပေ့ါနော။ အခုစစ်ရှောင်ရတဲ့ အခြေအနေနဲ့ဆိုလို့ရှိရင်တော့ သူတို့မှာလည်း အာဟာရပြည့်ဝစွာ မစားသုံးနိုင်တဲ့အတွက်ကြောင့်မို့လို့ သူတို့ဟာ ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးသေးဘူးပေ့ါနော အဲ့လိုမျိုးကျန်းမာရေး လက္ခဏာတွေရော တော်တော်များများတွေ့ရပါတယ် ” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းက စစ်ဘေးရှာင်စခန်းတစ်ခုမှာ ရှိတဲ့ ကလေးတွေကို နွေဦးကရင်နီလူငယ်များ ကျန်မာရေးစေတနာ့ဝန်ထမ်း (SKY Health Volunteer)အဖွဲ့နဲ့ ပညာရေးဘုတ်အဖွဲ့က ကျန်းမာရေး စစ်ဆေးပေးတာ၊ အာရဟာတိုက်ကျွေးတာ တွေကိုပြုလုပ်ပြီးနောက်မှာ ကျန်မာရေးစေတနာ့ဝန်ထမ်းတွေက ၎င်းတို့တွေ့ရှိချက်ကို ပြောဆိုခြင်းဖြစ်ပါတယ်။

တောတောင်ထဲမှာ စစ်ရှောင်နေရတဲ့အတွက် မသန့်ရှင်းတဲ့ရေကို သုံးစွဲရတာ‌တွေ၊ အာဟာရပြည့်ဝအောင် အစားအစာ စုံလင်စွာ မစားသုံးနိုင်တာတွေ၊ ဆေးဝါး အချိန်မီမရနိုင်တာ၊ မလုံလောက်တာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ကလေးတွေကို စာသင်ကြားပေးတဲ့ ဆရာမတစ်ဦးက “အခုတလော ကလေးတွေဖျားကြတယ်။ ပြီးတော့ အာဟာရချို့တဲ့တာရှိတယ်၊ အရေပြားယားယံတဲ့သူလည်းရှိတယ်”လို့ ပြောပါ တယ်။

ဖရူဆိုမြို့နယ်အတွင်း စစ်ရှောင်စခန်းတွေနဲ့ ကျေးရွာတွေမှာ တစ်နိုင်တစ်ပိုင် ကျန်းမာရေးစောင့်ရှောက်ပေးတဲ့အစီအစဉ်ကို ၂၂ ရွာမှာ ပြုလုပ်နိုင်ခဲ့ပေမယ့် စစ်ရှောင်နေရာအားလုံးကို လွမ်းခြုံနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။

ကျန်းမာရေးစစ်ဆေးပြီးသွားတဲ့ ကလေးတွေကို ၆လ အကြာမှာ ထပ်မံ စစ်ဆေးကြည့်တဲ့အခါ ကွာခြားမှုရှိလာတယ်လို့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ကျမတို့ အခုဆိုရင် ဒုတိယတစ်ကြိမ်ပြန်သွားတဲ့ ကျောင်းတွေရှိတယ်ပေါ့နေ။ာ အဲ့လိုမျိုး ကျောင်းတွေကျတော့ ပထမတစ်ကြိမ် နဲ့ ဒုတိယတစ်ကြိမ် ရဲ့ ကွာခြားချက်တွေ ကျမတို့ကြည့်တဲ့အခါမှာကျတော့ တိုးတက်မှုကတော့ ရှိတယ်ပေါ့နော။ တိုးတက်မှုရှိတယ် သန်ချဆေး သောက်ရတဲ့ ကလေးနဲ့ သန်ချဆေးမသောက်ရတဲ့ကလေးက အရမ်းကို ကွာခြားတယ်ပေါ့နော။ ဒါကတော့ ကျမတို့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ သူတို့ခန္ဓာကိုယ် အလေးချိန် တိုးလာတာမျိုး အရပ်ရှည်လာတာမျိုး အဲ့လိုမျိုးတွေတော့တွေ့တယ်။ အများဆုံးကတော့ အရပ်ရှည်လာတာမျိုးတွေ့ရတယ်ပေါ့” လို့ ဆိုပါတယ်။

လက်ရှိ ကရင်နီပြည်မှ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့စာရင်းအရ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံးသောင်းရှိပြီး ဖရူဆိုမြို့နယ်မှာ စစ်ရှောင်ဦးရေ ၆ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img